Live
Home
မြန်မာသတင်း
တောင်ကြီးတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စက်ဘီးစီး ပညာပေး
DVB
·
June 5, 2016
ဒီနေ့ကျရောက်တဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် တောင်ကြီးမြို့ပေါ်မှာ ပထမဦးဆုံး မြို့ပတ် စက်ဘီးစီးပွဲပြုလုပ်ပြီး အသိပညာပေး လမ်းကမ်းစာစောင်တွေ ဝေငှ ခဲ့ကြပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေနေ့ အထိမ်းအမှတ်နဲ့ ကာဗွန်ဒိုင်အောက်ဆိုက်လျော့ကျစေရေးအတွက် ဇွန်လ ၅ ရက်နေ့က တောင်ကြီးမြို့ ဒို့ချစ်တဲ့ကမ္ဘာအဖွဲ့နဲ့ စက်ဘီးချစ်သူအဖွဲ့တို့ပူးပေါင်းပြီး စက်ဘီးစီဝါသနာပါသူအင်အား၂၀၀ ဝန်းကျင်နဲ့ တောင်ကြီးမြို့ကို ပတ်ပြီး စက်ဘီးစီးခဲ့ကြပါတယ်။ အဲဒီလို မြို့ပတ်စက်ဘီးစီးရင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး လက်ကမ်းစာစောင်တွေလည်း ဝေငှခဲ့ကြပါတယ်။ အခုလို စုပေါင်းစက်ဘီးစီးပြီး သဘာဝပတ်ဝန်းကျင်အသိ ပညာပေး လှုံ့ဆော်မှုပြုလုပ်ခဲ့တာဟာ တောင်ကြီးမြို့ပေါ်မှာ ပထမဦးဆုံးလည်းဖြစ်ပါတယ်။ စက်ဘီးစီးသူတွေဟာ အသက်ရွယ်စုံ အမျိုးသားအမျိုးသမီးတွေနဲ့ နိုင်ငံခြားသားတွေ ပူးပေါင်းပါဝင်ပြီး တောင်ကြီးမြို့ဗိုလ်ချုပ်အောင်ဆန်းပန်းခြံကနေ စတင်ထွက်ခွာပြီး အနောက်မြို့ပတ်လမ်းအတိုင်း ဆင်းသွားကာ အရှေ့မြို့ပတ်လမ်းအတိုင်းပြန်တက်လာပြီး ဗိုလ်ချုပ်အောင်ဆန်ပန်းခြံမှာ ပန်းတိုင်အဖြစ် ထားရှိပါတယ်။ ဒီပွဲကို မနက် ၆ နာရီက စတင်ခဲ့ကြပြီး ၇ နာရီကျော်လောက်မှာ ပြီးဆုံးခဲ့ပါတယ်။ အဲဒီ စက်ဘီးစီးအထိမ်းမှတ်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးတွေလည်း တက်ရောက်အားပေးခဲ့ကြပါတယ်။ သတင်းဓာတ်ပုံ - ခွန်ရာဇာ  

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024