A d v e r t i s e m e n t With Us

ခေါက်ဆွဲလက်မှုဖန်တီးမှုကို သီချင်းနဲ့အတူ ကပြဆွဲဆောင် (ရုပ်သံ)

ဒါကို ကြည့်မယ်ဆိုရင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့က သာမန်ရိုးရိုး တရုတ်စားသောက်ဆိုင်တခုလိုပါပဲ။ ဒါပေမယ့် အဲဒီဆိုင်က တရုတ်လူငယ်စာဖိုမှူး ပီတာဆောင်ကတော့ သူ့ရဲ့ ခေါက်ဆွဲပြုလုပ်မှုအတတ်ပညာကနေ သရုပ်ဖော်ဖန်တီးပြသမှုအနုပညာတရပ်အနေနဲ့ ပြသနိုင်ခဲ့ပါတယ်။ သူဟာ နယူးယောက်ကို မပြောင်းရွှေ့ခင် တရုတ်နိုင်ငံမှာတုန်းက အနုပညာ သရုပ်ပြသမှုတွေအတွက် ပရိသတ်တွေ အားပေးမှုရရှိခဲ့သူတဦးဖြစ်တယ်လို့ စီစီတီဗွီ သတင်းမှာ ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဆောင်ဟာ မီးဖိုခန်းထဲမှာ ဂီတသံနဲ့အတူ ခေါက်ဆွဲ ပြုလုပ် စွမ်းရည်ပြသခဲ့တာကို တွေ့ရပါတယ်။ မျက်စိကျိန်းစပ်လောက်အောက် သွက်လက်တဲ့ လှုပ်ရှားမှုတွေနဲ့အတူ ဆောင်ရဲ့ စွမ်းရည်ပြသမှုတွေဟာ လာရောက်စားသုံးသူတွေကို ဆွဲဆောင်နိုင်ခဲ့တာလို့ သတင်းက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up