အိုင်အက်စ် ထိန်းချုပ်မြို့တော်တွင်း ဆီးရီးယားစစ်တပ် ထိုးစစ်ဆင်ဝင်ရောက် (ရုပ်သံ)

1.2K
ဆီးရီးယားနိုင်ငံက အိုင်အက်စ်အကြမ်းဖက်တွေရဲ့ မြို့တော်လို့ ကြေညာထားတဲ့ ရက်ကာမြို့နယ်နိမိတ်ကို ဆီးရီးယားစစ်တပ်က စတင် ထိုးစစ်ဆင်ဝင်ရောက်ခဲ့တယ်လို့ ဆီးရီးယား စစ်အနီးကပ်စောင့်ကြည့်ရေးအဖွဲ့က ဇွန်လ ၄ ရက်နေ့မှာ ပြောပါတယ်။
ရုရှားနိုင်ငံက လေကြောင်းက အပြင်းအထန်ဗုံးကြဲပေးမှုနဲ့ ဆီးရီးယားစစ်တပ်ဝင် ရောက်နေတာလို့ ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။
ဒါပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆီးရီးယားစစ်တပ်ကရော၊ ရုရှားလေတပ်ကပါ အတည်ပြုပြောဆိုခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။
ရက်ကာမြို့မြောက်ဘက်ကနေ အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ လေကြောင်းစစ် ကူပေးမှုတွေနဲ့ ကာဒ့်တပ်ဖွဲ့တွေ၊ ဆီးရီးယားသူပုန်တပ်ဖွဲ့တွေကလည်း ပြီးခဲ့တဲ့ မေလက တည်းက ထိုးစစ်ဆင်နေကြတာပါ။
ဆီးရီးယားတပ်ဖွဲ့တွေ ၀င်ရောက်နေတဲ့ ရက်ကာမြို့အနောက်တောင်ဘက် သပ်ကာ မြို့မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး၊ ရက်ကာမြို့နဲ့ အလစ်ပိုမြို့ကို ဆက်သွယ်တဲ့ လမ်းမနဲ့ ဆက်သွယ်ထားတဲ့ ရေအိုင်ကို ရောက်ရှိဖို့ ဆီးရီးယားစစ်တပ်က ကြိုးစားနေတယ်လို့ ဆိုပါတယ်။
မြို့မြောက်ဘက်ကနေ အမေရိကန်လေကြောင်းထိုးစစ်နဲ့ ၀င်ရောက်နေတဲ့ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့တွေကတော့ တိုက်ခိုက်ရေးအင်အား ၃ သောင်းနဲ့ ၀င်ရောက်နေတာပါ။
ဒီထိုးစစ်ကို အမေရိကန်၊ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့တွေက အနီးကပ်ပူးပေါင်း ထိုးစစ်ဆင်ဖို့ ရုရှားနိုင်ငံက ပြောဆိုထားပါတယ်။
ရက်ကာမြို့ထဲမှာ အိုင်အက်စ်အကြမ်းဖက်အင်အား ၃ ထောင်ကနေ ၅ ထောင် လောက်အထိရှိမယ်လို့ အမေရိကန်အရာရှိကြီးတွေက ခန့်မှန်းထားကြတာပါ။