ကလေးငယ်က မိုဟာမက် အလီကို အလဲထိုး (ရုပ်သံ)
ချစ်စရာ ကလေးငယ်တဦးက မိုဟာမက်အလီကို ကြိုးဝိုင်းထဲမှာ အလဲထိုးပြခဲ့ပါတယ်။
လက်ဝှေ့ပြိုင်ပွဲတခုမှာ မိုဟာမက်အလီက လက်ဝှေ့အိတ်တပ်ဆင်ထားတဲ့ ကလေးငယ်တဦးနဲ့ ကြိုးဝိုင်းထဲမှာ ထိုးခဲ့တာ ဖြစ်ပါတယ်။
ချစ်စရာကလေးငယ်က မိုဟာမက်အလီရဲ့ မျက်နှာကို ချိန်ရွယ်ပြီး အတင်းဖိထိုးခဲ့တာကို ပရိသတ်အများစုက သဘောကျခဲ့ကြပါတယ်။
နောက်ဆုံးမှာ ကလေးရဲ့ ထိုးချက်ကြောင့် အလီက လဲကျသွားဟန်ဆောင်ပြီး အရှုံးပေးခဲ့ရပါတယ်။
ကလေးငယ်ရဲ့ ညာဘက်လက်ကို ဒိုင်က မြောက်ပြီး အနိုင်ပေးခဲ့ပါတယ်။
လွန်ခဲ့တဲ့ နှစ်များစွာက ရိုက်ကူးထားတဲ့ ဗွီဒီယိုကလစ်ဟာ အလီကွယ်လွန်ချိန်မှာတော့ လူမှုရေး ကွန်ရက် ဖေ့ဘွတ်ခ်ပေါ်မှာ အသုံးပြုသူတွေက ဝေမျှခဲ့ကြပါတယ်။
ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုဟာမက် အလီ (၇၄) နှစ်ဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကြောင့် ဇွန် ၄ ရက်နေ့က ကွယ်လွန်သွားပါတယ်။