A d v e r t i s e m e n t With Us

အရှိန်မထိန်းနိုင်သည့် မီနီဗဲန်ကားတစီး အိမ်ခေါင်မိုးပေါ် ဖောက်ဝင် (ရုပ်သံ)

တရုတ်နိုင်ငံ၊ ချောင်ကျင်းစီရင်စုနယ်မြေထဲမှာ အရှိန်မထိန်းနိုင်တဲ့ မီနီဗဲန်ကားတစီးဟာ အိမ်တအိမ်ရဲ့ ခေါင်မိုးမှတဆင့် အိမ်ထဲကို ဖောက်ဝင်ထိုးကျခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်ဟာ မေလ ၃၁ ရက်နေ့မှာ ဖြစ်ခဲ့တာဖြစ်ပြီး ကားထိုးကျခဲ့ချိန်မှာ အိမ်အတွင်း အမျိုးသမီးတဦးရှိနေခဲ့တာလို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ “အသံက ငလျင်လှုပ်သလိုလိုခံစားလိုက်ရတယ်။ ဒါပေမယ့် ဒါဟာ ငလျင်ထက် ပိုဆိုးပါတယ်။ အဲဒီနောက်မှာ ကားဟာ ခေါင်မိုးပေါ်က ထိုးကျလာတာတွေ့ရတော့တာပါ ပဲ”လို့ အဆိုပါ အမျိုးသမီးက ပြောပါတယ်။ ကံကောင်းထောက်မစွာပဲ အဆိုပါအမျိုးသမီးက လွတ်မြောက်သွားခဲ့တာပါ။ ကားမောင်းသူဟာ အလွန်အမင်းထိတ်လန့်သွားခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရရှိတာ မျိုးတော့ မရှိခဲ့ဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။ အဆိုပါကားဟာ ရပ်နားဖို့ကြိုးစားရင်း နောက်ကိုဆုတ်လာချိန်မှာ အမြင့် ၇ မီတာ ရှိတဲ့ ကားရပ်နားရန်နေရာအောက်မှ အိမ်ခေါင်မိုးပေါ်ကို ထိုးကျသွားခဲ့တာပါ။

A d v e r t i s e m e n t With Us

More News
Up