A d v e r t i s e m e n t With Us

မြန်မာ့ ဓာတ်ပုံနှင့်ရိုးရာအနုပညာ ဖျော်ဖြေပွဲ ဂျပန်တွင် ကျင်းပ

မြန်မာနိုင်ငံအကြောင်း ဓာတ်ပုံပြပွဲနဲ့အတူ မြန်မာ့ရိုးရာအနုပညာဂီတ ထုတ်ဖော်ပြသပွဲကို ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့ Earth Plaza မှာ ဇွန် ၄ ရက်နေ့က ကျင်းပခဲ့ပါတယ်။ ရိုးရာဂီတပြပွဲမှာ ဆိုင်းပညာရှင် ဗိုလ်သူရိန် ဦးစီးတဲ့ ထံတျာပန်းခင်းအဖွဲ့က မြန်မာဆိုင်းဝိုင်း၊ ရုပ်သေး၊ ဦးရွှေရိုးအက၊ မြန်မာသီချင်းကြီးတွေနဲ့ တင်ဆက်ဖျော်ဖြေခဲ့ကြပါတယ်။ ယိုကိုဟားမားက ဂျပန်လူမျိုးတွေ မြန်မာနိုင်ငံအကြောင်းနဲ့ မြန်မာ့ရိုးရာ အနုပညာတွေကို ပိုမိုသိစေချင်၊ ထုတ်ဖော်ပြသချင်လို့ အခုလိုကျင်းပရတာဖြစ်ကြောင်း စီစဉ်သူတဦးဖြစ်တဲ့ မြန်မာအမည် မအင်ကြင်း ခံယူထားသူ ဂျပန်လူမျိုး ယိုကိုဟားမားသူက ဒီဗွီဘီကို ရှင်းပြခဲ့ပါတယ်။ မြန်မာနိုင်ငံက ရွှေတံဆိပ်ဆုရ လူငယ်ဆိုင်းပညာရှင်ဗိုလ်သူရိန်က မြန်မာနိုင်ငံရဲ့ ရိုးရာအနုပညာတွေကို ဂျပန်လူမျိုးတွေကို ထုတ်ဖော်ပြသခွင့်ရလို့ မြန်မာလူလူမျိုးတွေကိုယ်စား ဂုဏ်ယူဝမ်းမြောက်တယ်လို့ ဆိုပါတယ်။ ဓာတ်ပုံပြပွဲကို ဇူလိုင် ၃ ရက်နေ့အထိ ပြသမှာဖြစ်ပါတယ်။  

A d v e r t i s e m e n t With Us

More News
Up