ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ သစ်ပင်စိုက်ပွဲ အလှမယ်များ ပါဝင် (ဓာတ်ပုံ)
DVB
·
June 5, 2016
ဇွန် ၅ ရက်နေ့ ကျရောက်တဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်သစ်ပင်စိုက်ပျိုးပွဲကို မုံရွာမြို့မှာ ပြုလုပ်ခဲ့ပြီး ၂၀၁၅ အလှမယ်တွေပါဝင်ခဲ့ကြပါတယ်။
မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက် ၁၀ပေါက်တွဲရေထိန်းတံခါးမှ တိုင်းလွှတ်တော်ရှေ့ထိ စုပေါင်းသစ်ပင်စိုက်နေကြတာ ဖြစ်ပါတယ်။
သစ်ပင်စိုက်ပွဲမှာ ၂၀၁၅ အလှမယ်တွေ၊ ထာဝရအလင်းသစ်ပရဟိတလူငယ်ကွန်ရက်၊ မြို့သစ်လူငယ်၊ အိုးဘိုတောင်လူငယ်၊ သစ်တော၊ စည်ပင်နဲ့ ပြည်သူများစုစုပေါင်း ၁၀၀ လောက် ပူးပေါင်းပါဝင်ပြီး နံနက် ၇ နာရီအချိန်ကတည်းက စတင်စိုက်ပျိုးနေတာဖြစ်ပါတယ်။
စိုက်ပျိုးတဲ့အပင်တွေက ရေတမာ၊ စိန်ပန်းနီ၊ တမာ အစရှိတဲ့ သစ်ပင်တွေကို စိုက်ပျိုးနေကြ ဖြစ်ပါတယ်။ အပင်ကို ခရိုင်သစ်တောကပေးပြီး စည်ပင်က ရေထောက်ပံ့တယ်လို့ ပြောပါတယ်။
သတင်းဓာတ်ပုံ - အောင်ကိုလတ်