A d v e r t i s e m e n t With Us

စပိန်သူ မူဂူရူဇာက ဆရီနာကို အနိုင်ယူပြီး ဂရင်းစလင်းချန်ပီယံဖလားရရှိ (ရုပ်သံဟိုက်လိုက်)

ဇွန် ၄ ရက်နေ့က ပြင်သစ် အိုးပင်းတင်းနစ်ပြိုင်ပွဲ အမျိုးသမီး တဦးချင်း ဗိုလ်လုပွဲမှာ  နာမည်ကြီး ဆရီနာ ၀ီလျံ ရှုံးပြီး စပိန်နိုင်ငံသူ မူဂူရူဇာက ချန်ပီယံ ဖြစ်လာပါတယ်။ ကမ္ဘာ့ အဆင့်၎ စပိန် နိုင်ငံသူ မူဂူရူဇာက ကမ္ဘာ့နံပါတ် ၁ ဆရီနာ ၀ီလျှံကို  ၇-၅၊ ၆-၄ နဲ့ အနိုင်ယူပြီး ပထမဆုံး ဂရင်းစလင်း ချန်ပီယံ ဖလားကို ရရှိသွားပါတယ်။ စီရီနာအတွက်ကတော့ ၂၂ ခုမြောက်  ဂရင်းစလန်း ချန်ပီယံဖလား ရရှိဖို့ အိပ်မက်နဲ့ လွဲချော်သွားတာပါ။ မူဂူရူဇာအတွက်ကတော့ မနှစ်က ၀င်ဘယ်လ်ဒန် ဗိုလ်လုပွဲမှာ  ဆရီနာကို  ရှုံးခဲ့တဲ့ အကြွေးကို ပြန်ဆပ်နိုင်လိုက်တာ ဖြစ်ပါတယ်။ ပွဲအပြီးမှာ မူဂူရူဇာက  ဆရီနာကို အနိုင်ယူပြီး ချန်ပီယံ ဖြစ်လာတာကို  မယုံနိုင်အောင် ဖြစ်ရတယ်လို့ ပြောသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up