၂၀၁၅ ခုနှစ်အတွင်း ယာဉ်တိုက်မှုကြောင့် လူ ၄၂၀၀ ကျော် သေဆုံး
ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ်အတွင်း တနိုင်ငံလုံးမှာ ယာဉ်မတော်တဆမှု ၁၅၀၀၀ ကျော်ဖြစ်ပွားခဲ့ပြီး အဲ့ဒီ မတော်တဆမှုတွေအတွင်း သေဆုံးသူပေါင်း ၄၂၀၀ ကျော် ရှိခဲ့တယ်လို့ မြ၀တီသတင်းက ဖော်ပြပါတယ်။
ယာဉ်မတော်တဆဖြစ်ပွားမှုတွေရဲ့ ထက်ဝက်ကျော်ဟာ မော်တော်ဆိုင်ကယ် မတော်တဆဖြစ်ပွားမှုဖြစ်ပြီး ၈၈ဝ၆ မှု နဲ့ ၅၇ ဒသမ ၁၆ ရာခိုင်နှုန်းရှိတယ်လို့ သတင်းက ဆိုပါတယ်။
ဇွန် ၃ ရက်က ပြန်ကြားရေးဝန်ကြီးဌာနမှာ ကျင်းပတဲ့ ယာဉ်စည်း ကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲမှာ အမှတ် (၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူး စိုးမြင့်ဦး က “ယာဉ်အ္တရာယ်ဖြစ်ပွားမှုရာခိုင်နှုန်း အများစု ဟာ ယာဉ်မောင်းသူတွေပေါ့ဆမှုကြောင့် ဖြစ်တယ်ဆိုတာ မှတ်တမ်းတွေအရ သိရ တယ်။ အရှိန်ပြင်းပြင်းမောင်းနှင်တာ၊ ကျွမ်းကျင်မှုမရှိဘဲ မောင်းနှင်တာ၊ အရက်သေစာ သောက်စားမောင်းနှင်တာ၊ ယာဉ်စည်းကမ်း လမ်းစည်း ကမ်းတွေကို ချိုးဖောက် မောင်းနှင်တာတွေကြောင့် ဖြစ်ပွားရတာတွေ များတာပါ” လို့ ပြောကြားခဲ့ပါတယ်။