A d v e r t i s e m e n t With Us

အိုလံပစ်ပြိုင်ပွဲတွင် ဒုက္ခသည် ၁၀ ဦး ပါဝင်မည်

ဘရာဇီးလ်နိုင်ငံ အိုလံပစ် ပြိုင်ပွဲမှာ ၀င်ပြိုင်မယ့် အားကစားသမားတွေထဲမှာ ဒုက္ခသည် ၁၀ ဦး ပါဝင်တယ်လို့ အိုလံပစ် ကော်မတီက ကြေညာထားပါတယ်။ ၅ ဦးက ဆူဒန်က ဖြစ်ပြီး လောလောဆယ်မှာတော့ ကင်ညာက ကာကူမာ ဒုက္ခသည် စခန်းမှာ ခိုလှုံနေသူတွေ ဖြစ်ပါတယ်။ ဂျိမ်းစ် ဆိုတဲ့ လူငယ်လေးက စစ်ထဲမှာ သူ့အဖေ သေဆုံးခဲ့ပြီးနောက် မိခင်နဲ့ အတူနေစဉ် စစ်သားအဖြစ် စုဆောင်းခံရမှာကို စိုးရိမ်ပြီး ထွက်ပြေးလာခဲ့ရတဲ့အကြောင်း ပြန်ပြောပြပါတယ်။ တောင်ဆူဒန်ကနေ ထွက်ပြေးလာတဲ့အချိန်က သူ့အသက်က ၁၀ နှစ်ပဲ ရှိပါသေးတယ်။  အပြေးသမား အဖြစ် ၀င်ပြိုင်မယ့် အန်ဂျလိနာကတော့ မိဘတွေနဲ့ မောင်နှမတွေကို ကျောခိုင်းပြိး တယောက်တည်း ထွက်ပြေးလာတဲ့ ဒုက္ခသည်ပါ။ အခုအထိ မိသားစုနဲ့ အဆက်အသွယ်မရှိဘူးလို့ ဆိုပါတယ်။ မီတာ ၈၀၀ အမျိုးသား အပြေးပြိုင်ပွဲမှာ ၀င်ပြိုင်မယ့် ယိခ်ျ ပါ ဘိုး ကတော့ ဒုက္ခသည်တဦးမှာလည်း အများနည်းတူ အစွမ်းအစ ရှိတယ်ဆိုတာကို အိုလံပစ်ပွဲမှာ ပြသဖို့ ရည်မှန်းထားတယ်လို့ ပြောပါတယ်။ ဆူဒန်က ပေါ်လိုနဲ့ ရိုစ် တို့ကလည်း အမျိုးသား မီတာ ၁၅၀၀ နဲ့ အမျိုးသမီး မိတာ ၈၀၀ ပြိုင်ပွဲတွေမှာ ၀င်ပြိုင်ကြမှာပါ။ ဆီးရီးယား ဒုက္ခသည် ရာမီနဲ့ ရက်စ်ရာ မာဒိနီ တို့ကလည်း ရေကူးပြိုင်ပွဲဝင်ကြဖို့ ရှိပါတယ်။ လူဇင်ဘက်မှာ ခိုလှုံနေတဲ့ အီသီယိုပီးယားက ဒုက္ခသည် ယိုနက်စ်ကလည်း မာရသွန်မှာ ၀င်ပြိုင်မှာပါ။ ကွန်ဂိုက ဒုက္ခသည် ၂ ယောက်လည်း ဂျူတို ပြိုင်ပွဲမှာ ၀င်ပြိုင်ဖို့အတွက် ဘရာဇီးမှာ လေ့ကျင့်နေကြပါတယ်၊

A d v e r t i s e m e n t With Us

More News
Up