A d v e r t i s e m e n t With Us

ဂျာမနီ Rock ရှိုးပွဲကြီး မိုးကြိုးပစ်ခံရ၊ ၈၂ ဦး ဒဏ်ရာရ (ရုပ်သံ)

ဂျာမနီနိုင်ငံအနောက်ပိုင်းမှာ ဇွန် ၄ ရက်နေ့က Rock ရှိုးပွဲတခု မိုးကြိုပစ်ခံထိပြီး ရှိုးပွဲလာကြည့်သူ ၈၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြကာ ၈ ဦး ဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံရဲတပ်ဖွဲ့က ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဥရောပအလယ်ပိုင်းမှာ မုန်တိုင်းတွေ အပြင်းအထန်ဝင်ရောက်တိုက်ခတ်နေပြီး ဂျာမနီတနိုင်ငံတည်းမှာ လူ ၁၁ ဦးသေဆုံးခဲ့ပါတယ်။ နိုင်ငံအနောက်ပိုင်း Mendig မြို့လေဆိပ်မှာကျင်းပတဲ့ ဒီ Rock ရှိုးပွဲဟာ ဂျာမနီနိုင်ငံက အစည်ကားဆုံးဂီတပွဲတော်တခုဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကလည်း မိုးကြိုးပစ်ခံရလို့ လူ ၃၃ ဦး ဆေးရုံတင်ပို့ခဲ့ရတာပါ။ ဒီ Rock ပွဲတော်ကို ကျင်းပလာတာ အခုနှစ်နဲ့ဆိုရင် ၃၁ နှစ်ရှိပြီဖြစ်ပြီး ရှိုးပွဲပရိသတ် ၉ သောင်းကျော် တက်ရောက်မယ်လို့ ခန့်မှန်းခဲ့ကြတာပါ။ ဇွန် ၄ ရက်နဲ့ ၅ ရက်နေ့ ကျင်းပဖို့ဖြစ်ပြီး အခုတော့ ရာသီဥတု အခြေအနေမကောင်းတဲ့အတွက် ရှိုးပွဲကိုလည်း ရပ်ဆိုင်းလိုက်ရပါတယ်။ ပြီးခဲ့တဲ့တပတ် ရုံးအားလပ်ရက်တွေကလည်း နိုင်ငံအနောက်တောင်ပိုင်းက လူငယ်ဘောလုံးပွဲ မိုးကြိုးပစ်ခံထိလို့ လူ ၃၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြပြီး ၃ ဦးက ဒဏ်ရာပြင်းထန်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up