A d v e r t i s e m e n t With Us

ဈေးမဆစ်ပါနဲ့-နေပူပူအောက်မှာ ရုန်းကန်နေရတဲ့ လန်ချားဆရာ အဖိုးအို (ရုပ်သံ)

“အားလုံးကို တောင်းဆိုချင်တာက ဒီလိုနေပူပူအောက်မှာ ရုန်းကန်နေရသူတွေကိုတွေ့ရင် ဈေးမဆစ်ပါနဲ့” အဲဒီသတိပေးတိုက်တွန်းချက်စာတန်းတွေနဲ့အတူ နေပူပူအောက်က လန်ချားဆွဲတဲ့ အဖိုးအိုတဦးရဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာနဲ့ ထုတ်ဝေသူ တဦးဖြစ်တဲ့ ဗာရွန်ပရပ်သီက မေလ ၂၇ ရက်နေ့မှာ အင်တာနက်စာမျက်နှာပေါ်မှတ ဆင့် မျှဝေခဲ့ပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ ဆင်းရဲမွဲတေတဲ့ ဘ၀ပေးအခြေအနေမှာ မိသားစုအတွက် ရုန်းကန်လှုပ်ရှားနေရသူတွေကို တွန်းအားပေးနှိုးဆော်ချက်တခုအနေနဲ့ လှုံ့ဆော်ပေးတာလို့ ဆိုပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ အဖိုးအိုနဲ့ လန်ချားငှားစီးတဲ့ လူငယ်တဦး အပြန်အလှန် စကားပြောခန်းတွေနဲ့ ရိုက်ကူးထားခဲ့တာပါ။ အချိန်ကတော့ အပူချိန် ၄၅ ဒီဂရီစင်တီဂရိတ်ရှိနေပြီး သွားလိုတဲ့နေရာဆီ ရောက် သွားခဲ့ချိန်မှာ အဖိုးအိုက ပြုံးပြုံးရွှင်ရွှင်နဲ့ ရူပီးငွေ ၁၀ သာကျသင့်တယ်လို့ တောင်းခဲ့တာပါ။ စီးသွားသူလူငယ်က ခုလောက်နေပူကြီးထဲမှာ ဘာလို့ လျှော့တောင်းရသလဲဆိုတဲ့ မေးခွန်းကိုတော့ သူက ခပ်ပြုံးပြုံးနဲ့သာတုံ့ပြန်ခဲ့တာပါ။ လူငယ်ဟာ တရက်ကို ဘယ်လောက်ရသလဲ၊ အရက်သောက်တတ်သလား စတဲ့ မေးခွန်းတွေမေးခဲ့ချိန်မှာ အဖိုးအိုက မသောက်တတ်ကြောင်းနဲ့ ပုံမှန်မရှိပဲ ရူပီး ၁၀၀ နဲ့ ၂၀၀ ကြားရတယ်လို့ ဖြေခဲ့တာပါ။ အဲဒီနောက်မှာ လူငယ်ဟာ အဖိုးအိုကို ရူပီးငွေ ၃ ထောင်ပေးခဲ့တာကို ရိုက်ကူးပြခဲ့တာပါ။ အိန္ဒိယနိုင်ငံရဲ့ ဒေသတခုမှာနေထိုင်တဲ့ အဖိုးအိုဟာ မိသားစုကို ထောက်ပံ့နေရသူတဦးဖြစ်ပြီး ဘ၀ကို ခက်ခက်ခဲခဲရုန်း ကန်နေရတာမို့ အဲဒီလိုဖြောင့်မှန်ရိုးသားတဲ့သူတွေနဲ့ ဆုံခဲ့ရင် ဈေးမဆစ်ကြပါနဲ့လို့ ပြောလိုက်တာပါ။

A d v e r t i s e m e n t With Us

More News
Up