A d v e r t i s e m e n t With Us

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်လောင်း ၃ ဦး စကားစစ်ထိုး

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ရာထူးကို မျှော်မှန်းနေတဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုက်လောင်း ၁၁ ဦးထဲက ၃ ဦးဟာ လန်ဒန်မြို့မှာ ဇွန် ၃ ရက်နေ့က စကား စစ်ထိုးခဲ့ကြပါတယ်။ ကုလသမဂ္ဂ  ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အန်တိုနီယို ဂူတာရက်စ်၊ ဆာဗီးယား နိုင်ငံရဲ့ နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဗော့ခ် ဂျာရမ္မစ်နဲ့ မွန်တီနိုဂရိုးနိုင်ငံရဲ့  နိုင်ငံခြားရေး ၀န်ကြီး အီဂေါ် လော့စ္စစ် တို့ဟာ အကြမ်းဖက်ဝါဒ၊ ရာသီဥတု ပြောင်းလဲမှု ပြဿ    နာ၊ လူသားချင်းစာနာမှု အကူအညီ၊ ကျားမ တန်းတူရေး ကိစ္စတွေကို ဆွေးနွေး  ငြင်းခုံခဲ့ကြပါတယ်။ စကား စစ်ထိုးပွဲကို ဗြိတိန်က နာမည်ကြီး ဂါးဒီယန်း သတင်းစာနဲ့ ကုလသမဂ္ဂ အဖွဲ့ (ယူကေ) တို့က ပူးတွဲ စီစဉ်တာဖြစ်ပြီး ပရိသတ် ၂ ထောင်လောက် တက်ရောက် နားထောင်ခဲ့ကြပါတယ်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ရွေးချယ်တာကို လုံခြုံရေး ကောင်စီိက တံခါးပိတ် ဆွေးနွေးပွဲမှာ ရွေးချယ်တာဖြစ်ပြီး ၁၉၃ နိုင်ငံ ပါဝင်တဲ့ အထွေထွေ ညီလာခံက အတည်ပြုပါတယ်။ အခုတခေါက်မှာလည်း ၈ ယောက်မြောက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ကို အရင်က နည်းအတိုင်း ရွေးချယ်မှာ ဖြစ်ပေမယ့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးလောင်း ၁၁ ဦးရဲ့ နာမည်တွေကို တရားဝင် ကြေညာတာက ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ သံတမန် အသိုင်းအ၀ိုင်းက ခန့်မှန်းချက်အရ ပေါ်တူဂီ ၀န်ကြီးချုပ်ဟောင်း ဂူတာရက်စ်၊ နယူးဇီလန် ၀န်ကြီးချုပ်ဟောင်း ဟယ်လန် ကလာ့ခ် တို့က ဖြစ်နိုင်ခြေ များတယ်လို့ ဆိုပါတယ်။ မက်ဆီဒိုးနီးယား နိုင်ငံခြားရေး ၀န်ကြီးဟောင်း ကာရင်၊ ဆလိုဗေးနီးယား သမ္မတဟာင်း ဒန်နီလို တက်ခ်၊ ခရိုအေးရှား နို်င်ငံခြားရေး ၀န်ကြိးဟောင်း ဗက်စနာ ပူစစ်၊ ယူနက်စကို ညွှန်ကြားရေးမှူးချုပ် ဘူဂေးရီးယားနိုင်ငံသား ဗိုကိုဗာ၊ ဆလိုဗက်ကီးယား နိုင်ငံခြားရေး ၀န်ကြီးဟောင်း မီရိုဆလက် လာဂျပ်ခ်၊ အာဂျင်တီးနား နိုင်ငံခြားရေး ၀န်ကြီိး  စူစန္နာ မယ်လ်ကိုရာနဲ့ မော်ဒိုဗာ နိုင်ငံခြားရေး ၀န်ကြီး နာတာလီယာ ဂါမန်း တို့လည်း ဖြစ်နိုင်ခြေ ၁၁ ဦးထဲမှာ ပါဝင်နေပါတယ်။ ၁၁ ဦးထဲမှာ ၅ ဦးက အမျိုးသမီးဖြစ်ပြီး ကုလသမဂ္ဂအဖွဲ့ဝင် ၅၆ နိုင်ငံနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေက ပထမဆုံး အမျိုးသမီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ကို ခန့်အပ်ဖို့ ဖိအားပေးနေပါတယ်။ လက်ရှိ ယူအန် အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ ဒီနှစ်အကုန်မှာ ငါးနှစ်သက်တမ်း ၂ ဆက် တာဝန်ပြီးဆုံးလို့ တာဝန်ကနေ အနားယူတော့မှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up