သမီးဖြစ်သူအား လိင်ပိုင်းကျူးလွန်သတ်ဖြတ်ခဲ့သူကို ဖခင်က ထိုးနှက်ရန်ကြိုးစား(ရုပ်သံ)

4K
သမီးဖြစ်သူကို လိင်ပိုင်းဆိုင်ရာကျူးလွန်မှုပြုပြီး သတ်ခဲ့တဲ့ တရားခံတဦးကို ဇွန်လ ၂ ရက်နေ့က တရားရုံးထဲ စစ်ဆေးကြားနာနေချိန်မှာ ဖခင်ဖြစ်သူက ထိုးနှက်တိုက်ခိုက်ဖို့ ကြိုးစားခဲ့တယ်လို့ အမေရိကန်အခြေစိုက် အေဘီစီသတင်းတပုဒ်မှာ ဖော်ပြပါ တယ်။
တရားခံ မိုက်ကယ်မက်ဒီဆန်ဟာ သူ့ရဲ့သမီးဖြစ်သူ ရှီရယ်လ်ဒါ တယ်ရီ အပါအ၀င် အမျိုးသမီး ၃ ဦးကို လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်ပြီး သတ်ခဲ့ကာ အမှိုက်အိတ်ထဲ ထည့်စွန့် ပစ်ခဲ့တာဖြစ်ပါတယ်။
သေဆုံးသူ ရှီရယ်လ်ဒါတယ်ရီရဲ့ ဖခင် ဗဲန်တယ်ရီဟာ တရားရုံးတွင်း အရှေ့ဆုံးခုံ တန်းရှေ့ကနေဖြတ်သွားပြီး တရားခံမက်ဒီဆန်ဘက်ကို လှည့်ကြည့်ခဲ့ချိန်မှာ တရားခံက သူ့ကို မုန်းတီးတဲ့ မခိုးမခန့်အပြုံးနဲ့ ပြုံးပြခဲ့တာပါ။
အဲဒီအချိန်မှာပဲ သူဟာ ရုတ်တရက် တရားခံကို ထိုးနှက်တိုက်ခိုက်ဖို့ကြိုးစားခဲ့ချိန်မှာ အနီးနားက တခြားတာဝန်ရှိသူတွေကို သူ့ကိုရုံးအပြင်ကို ဆွဲခေါ်ထုတ်သွားခဲ့ကြရတယ်လို့ ဆိုပါတယ်။
တရားရုံးပြောရေးဆိုခွင့်ရသူတဦးကတော့ ဒီအခြေအနေကို ပြန်လည်သုံးသပ်ရ မယ်လို့ပြောလိုက်ပြီး ခုလိုဖြစ်ခဲ့တဲ့အတွက် အမှုစစ်ဆေးကြားနာမှုဟာ ၁၅ မိနစ်လောက် နောက်ကျသွားခဲ့ရတာပါ။
တရားသူကြီးက တရားခံကို သေဒဏ်ကျခံစေဖို့ အမိန့်ချမှတ်ခဲ့တယ်လို့ သတင်းက ဆိုပါတယ်။
သေဆုံးခဲ့သူ အသက် ၃၈ နှစ်အရွယ်ရှိ အန်ဂျလာ ဒက်စ်ကင်၊ ၂၈ နှစ်အရွယ် ရှက်တီရှာရှီလေနဲ့ ၁၈ နှစ်အရွယ် ရှီရဲလ်ဒါ တယ်ရီတို့ရဲ့အလောင်းတွေကို မယ်ဒီဆန်နေ ထိုင်ရာ ကလိဗ်လန်းအရှေ့ပိုင်း တိုက်ခန်းအနီးမှာ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လက တွေ့ရှိခဲ့ ရတယ်လို့ ရဲတွေက ပြောပါတယ်။
စုံစမ်းစစ်ဆေးချက်တွေအရ သူဟာ ကိုးလအတွင်းမှာ ဒီအမျိုးသမီးတွေကို သတ်ခဲ့တာလို့ ဆိုပါတယ်။
သေဆုံးရသူတွေရဲ့ ဆွေမျိုးသားချင်းတွေက သူတို့အနေနဲ့ များစွာဝမ်းနည်းကြေ ကွဲရကြောင်းပြောခဲ့ကြပါတယ်။
တရားခံမက်ဒီဆန်ဟာ လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်ကောင်အဖြစ် ၂၀၁၂ ခုနှစ်က ဖော်ပြခံခဲ့ရပြီး အဲဒီမတိုင်ခင်မှာ မုဒိန်းမှုကျူးလွန်ခဲ့လို့ ၄ နှစ်လောက်ထောင်ကျခဲ့ဖူးတယ် လို့ သတင်းမှာ ဖော်ပြပါတယ်။