မြန်မာ-စင်ကာပူပွဲတွင် ဆိုးသွမ်းပရိသတ်များ ထိုင်ခုံများ ဖျက်ဆီး
AYA Bank Cup ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် မနေ့က မြန်မာနဲ့စင်ကာပူပွဲအပြီးမှာ ဆိုးသွမ်းပရိသတ်အချို့က ထိုင်ခုံတွေကို ရိုက်ချိုးဖျက်ဆီးခဲ့လို့ ထိုင်ခုံ ၈၂ လုံး ကျိုးသွားခဲ့ပါတယ်။
ဒီခုံတွေကို ဒီနေ့ကစားမယ့် မြန်မာအမျိုးသမီး - တောင်ကိုရီးယားအမျိုးသမီးပွဲအမီ ပြန်လည် ပြင်ဆင် အစားထိုးတပ်ဆင်နေရတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ၀က်ဆိုဒ်မှာဖော်ပြထားပါတယ်။
မြန်မာအသင်းဟာ စင်ကာပူအသင်းကို ၁ ဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး AYA Bank Cup ဗိုလ်လုပွဲတက်ရောက်ခွင့်ကို လွဲချော်ခဲ့ပါတယ်။
စင်ကာပူအသင်းဟာ ဇွန်လ ၆ ရက်မှာ AYA Bank Cup ဗိုလ်လုပွဲအဖြစ် ဗီယက်နမ်အသင်း နဲ့ ကစားရမှာဖြစ်ပြီး မြန်မာအသင်းကတော့ ဟောင်ကောင်အသင်းနဲ့ တတိယလုပွဲအဖြစ်ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။