ကိုပါအမေရိကားဖလားပြိုင်ပွဲတွင် နေမာ ပါဝင်မည်မဟုတ်
ကိုပါ အမေရိကားဖလား ဘောလုံးပြိုင်ပွဲဝင် ဘရာဇီးအသင်းမှာ အဓိကျတဲ့ တိုက်စစ်မှူး နေမာ ပါဝင်ကစားနိုင်မှာ မဟုတ်တော့ဘူးလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဘရာဇီးအသင်းမှာ တိုက်စစ်မှူး နေမာ အပြင် နာမည်ကြီးတွေဖြစ်တဲ့ ရာဖင်ဟာနဲ့ ကာကာတို့လည်း ပါဝင်နိုင်မှာ မဟုတ်ပါဘူး။
ဘာစီလိုနာ တိုက်စစ်မှူး နေမာဟာ လာမယ့် သြဂုတ်လ စတင်မယ့် အိုလံပစ်ပြိုင်ပွဲမှာ ဘရာဇီးအတွက် ကိုယ်စားပြု ကစားပေးမှာ ဖြစ်လို့ ကိုပါပြိုင်ပွဲမှာ ၀င်ရောက် မကစားတာ ဖြစ်ပါတယ်။
ကိုပါပြိုင်ပွဲကို အမေရိကန်က အိမ်ရှင်အဖြစ် လက်ခံ ကျင်းပပြီး လက်ရှိ ချန်ပီယံ ချီလီ၊ အာဂျင်တီးနား အပါအ၀င် ၁၆ သင်း ဒီကနေမှာ စတင်ပြီး ယှဉ်ပြိုင်နေပါတယ်။
ကမ္ဘာဖလား ၅ ကြိမ် ရဖူးထားတဲ့ ဘရာဇီးဟာ ကိုပါပြိုင်ပွဲမှာ ၂၀၀၇ နောက်ပိုင်း ချန်ပီယံဆုကို ရယူနိုင်ခြင်း မရှိသေးပါဘူး။