A d v e r t i s e m e n t With Us

မုံရွာကျောင်းအားလုံးကို စားသုံးရန်မသင့် အစားအစာစာရင်းများ ပေးပို့

ပြည်သူ့ကျန်းမာရေးဦးစီးဌာနလက်အောက်ရှိ ကျောင်းကျန်းမာရေးဌာန (မုံရွာ) က စားသုံးရန်မသင့် အစားအသောက် ၉၃ မျိုးရဲ့စာရင်းတွေ မုံရွာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအားလုံးကို ပေးပို့ထားတယ်လို့ ကျောင်းအုပ်ဆရာတဦးက ပြောပါတယ်။ မေလ ၂၇ ရက် ရက်စွဲနဲ့ မုံရွာမြို့အတွင်းရှိ ကျောင်းအုပ်ဆရာ/ဆရာမတွေထံ ပေးပို့ထားတာဖြစ်ပြီး အမှတ်တံဆိပ်အမျိုးမျိုးနဲ့ ထုတ်လုပ်ထားတဲ့ စားသောက်ကုန် ၉၃ မျိုးမှာ အဏုဇီဝသတ်မှတ်ချက်နဲ့ ကိုက်ညီမှုမရှိတာ၊ စားသောက်ကုန်တွေမှာ တားဖြစ်ဆိုးဆေးတွေ သုံးစွဲထားတာကြောင့် အခြေခံပညာကျောင်းတွေနဲ့ ပတ်ဝန်းကျင်မှာ ရောင်းချတာမပြုလုပ်ရေး  ကြပ်မတ်စစ်ဆေးဆောင်ရွက်ကြဖို့ ညွှန်ကြားထားတယ်လို့ မုံရွာမြို့ မူလတန်းကျောင်းအုပ်ဆရာမတဦးဖြစ်တဲ့ ဒေါ်တင်တင်ဦးက ပြောပါတယ်။ စားသုံးရန်မသင့် အစားအသောက် ၉၃ မျိုးမှာ မုံရွာမြို့က ထုတ်လုပ်တဲ့ စားသောက်ကုန်အချို့လည်း ပါဝင်တယ်လို့ သိရပါတယ်။ အများစုမှာတော့ တရုတ်စာနဲ့ရေးထားတဲ့ သရေစာတွေ၊ သာမန်အရောင်မဟုတ်တဲ့ မက်မန်းသီး၊ ဇီးယို၊ မရမ်းပြား၊ ဂျယ်လီ၊ ပီကေ စတဲ့ ကလေးစားစရာတွေ အတွေ့ရများတယ်လို့ ဆိုပါတယ်။ ခုမှကျောင်းဖွင့်တာ ရက်ပိုင်းသာရှိသေးပေမယ့် ကျောင်းမတီတွေအသစ်ဖွဲ့ပြီး ကြပ်မတ်စစ်ဆေးဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ သတင်းနှင့်ဓာတ်ပုံ - အောင်ကိုလတ်  

A d v e r t i s e m e n t With Us

More News
Up