တရားခံဖမ်းဆီးပြီး ကာရာအိုကေဆိုင်မှာ အောင်ပွဲခံသည့် ရဲအရာရှိ ရေပန်းစား (ရုပ်သံ)
ပြစ်မှုကျူးလွန်တဲ့ တရားခံတဦးကို ဖမ်းဆီးနိုင်ခဲ့ပြီးနောက်မှာ ကာရာအိုကေဆိုင် တဆိုင်တွင်း အောင်ပွဲခံသီချင်းဆိုနေခဲ့တဲ့ ရဲအရာရှိတဦးရဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို အိုင်ယာ လန်နိုင်ငံအခြေစိုက် Indenendent သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ဂျွန်ဟဲရစ်စ်အမည်ရတဲ့ အဲဒီရဲအရာရှိဟာ အသက် ၂၃ နှစ်အရွယ် တရားခံ အမျိုး သားတဦးကို ဖမ်းဆီးခဲ့တာဖြစ်ပြီး ညပိုင်းမှာ Argyle Street အမည်ရ ကာရာအိုကေ ဆိုင်တခုကို သွားရောက်ခဲ့ကာ အောင်ပွဲခံသီချင်းဆိုခဲ့တာ ဖြစ်ပါတယ်။
သူဟာ ဆိုင်တွင်းသီချင်းဆိုနေခဲ့ချိန်မှာ ဆိုင်တွင်းက တခြားသူတွေက လက်ကိုင် ဖုန်းတွေနဲ့ ရိုက်ကူးခဲ့ကြပါတယ်။
သူဟာ ရဲအရာရှိဝတ်စုံပြည့် ၀တ်ဆင်ထားခဲ့ကာ ပျော်ပျော်ရွှင်ရွှင်သီဆိုသွားခဲ့ပြီး တခြားသူတွေကို လက်ဆွဲနှုတ်ဆက်ကာ ပြန်လည်ထွက်ခွာသွားခဲ့တာပါ။
ဒီရုပ်သံဗွီဒီယိုဖိုင်ကိုတော့ ပီတာမက်က်ကန်နာဘွိုက်ဒ်အမည်ရ အမျိုးသားတဦး က ရိုက်ယူထားခဲ့တာဖြစ်ပြီး တဆင့်ပြန်လည် မျှဝေခဲ့တာပါ။