Home
မြန်မာသတင်း
ရေဦးမြို့နယ်တွင် လူ ၁၀၀ ကျော် အစာအဆိပ်သင့်မှုဖြစ်ပွား
DVB
·
June 4, 2016
ရေဦးမြို့နယ်မှာ ဇွန် ၂ ရက်နေ့က မင်္ဂလာပွဲတခုမှ ထမင်းဟင်းတွေစာပြီး အစာအဆိပ်သင့်လို့ လူ ၁၂၈ ဦး ဝမ်းပျက်ဝမ်းလျှောမှု ဖြစ်ပွားခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ ရွာဗုကြီးအုပ်စု၊ လှည်းသွင်းကျေးရွာ မင်္ဂလာဆောင်မှ ထမင်းဟင်းများစားပြီး အမျိုးသား ၂၂ ဦးနဲ့ အမျိုးသမီး ၁၀၆ ဦးတို့ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့တာပါ။ မင်္ဂလာဆောင်က ကျွေးတဲ့အစားအသောက်တွေကတော့ ငါးခြောက်၊ ပဲနှပ်၊ ဟင်းချို၊ အချဉ်သုတ် စတာတွေဖြစ်ပြီး ရေဦးဆေးရုံမှာ အမျိုးသမီးတဦးပို့ထားရပြီး ကျန်လူတွေကတော့ ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်မှာပဲ ဆလိုင်းသွင်း၊ ဓာတ်ဆားတိုက် ဆေးတိုက်လုပ်ခဲ့လို့ ဒီနေ့မှာတော့ သက်သာသွားပြီလို့ လူမှုကူညီရေး ဆောင်ရွက်နေသူ ကိုအောင်မြင့်သောင်းက ပြောပါတယ်။ ဖြစ်တဲ့ သူများပေမယ့် စိုးရိမ်ရတဲ့ အခြေအနေ မရှိကြောင်း၊ အဓိက ဖြစ်ရတဲ့အကြောင်းက မင်္ဂလာဆောင်မှာကျွေးတဲ့ ငါးခြောက်က မပုပ်မသိုးအောင်လုပ်ထားတဲ့ ယမ်းပါတာရယ်၊ ညကနှပ်တဲ့ ပဲနှပ်ရယ်၊ အချဉ်သုပ်ရယ်ကြောင့် ဖြစ်နိုင်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်း အစိုးရတာဝန်ရှိသူအချို့ ကွင်းဆင်းလေ့လာနေပြီး မင်္ဂလာဆောင် ကျွေးတဲ့အစားအသောက်တွေကို ဓာာတ်ခွဲစမ်းသပ်ဖို့ မုံရွာပြည်သူ့ဆေးရုံကြီးကို ယူဆောင်သွားတယ်လို့ ဆိုပါတယ်။ သတင်းနှင့်ဓာတ်ပုံ -Lay Maha
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024