ဘယ်လ်ဂျီယမ် တိရစ္ဆာန်ဥယျာဉ်တွင် ပထမဆုံး ပန်ဒါကလေးမွေးဖွား (ရုပ်သံ)

1K
ဘယ်လ်ဂျီယမ် တိရစ္ဆာန်ဥယျာဉ်ထဲက ဟောင်ဟောင်းအမည်ရတဲ့ ပန်ဒါဝက်ဝံမလေးဟာ ဇွန်လ ၂ ရက်နေ့မှာ သူ့ရဲ့ ပထမဆုံး ရင်သွေး ပန်ဒါဝက်ဝံကလေးကို မွေးဖွားခဲ့ပါတယ်။
ဒါဟာ ဥရောပနိုင်ငံတွေထဲမှာ သြစတီးယားနဲ့ စပိန်နိုင်ငံတွေရဲ့နောက် ပန်ဒါမွေးဖွားမှု တတိယမြောက် နိုင်ငံဖြစ်လာခဲ့တာပါ။
ဟောင်ဟောင်းဟာ တရုတ်-ဘယ်လ်ဂျီယမ် ၂ နိုင်ငံကြား ချစ်ကြည်ရေးသံတမန်အဖြစ် အဖော်ဖြစ်သူ ကျင်းဟွီနဲ့အတူ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ဘယ်လ်ဂျီယမ်နိုင်ငံကို ရောက်ရှိလာခဲ့တာပါ။
သူတို့ကို ဘယ်လ်ဂျီယမ် တိရစ္ဆာန်ဥယျာဉ်ထဲမှာ တရုတ်နိုင်ငံ သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းကာကွယ်ရေးနဲ့ သုတေသနဌာနနဲ့ ပူးပေါင်းပြီး ပြုစုစောင့်ရှောက်ထားခဲ့တာလို့ စီစီတီဗွီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။