ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုဟာမက်အလီ ကွယ်လွန်ပြီ (ရုပ်သံ)

Muhammad Ali poses with his boxing gloves. Action Images/Sporting Pictures
1.2K
အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတခုကြောင့် ဆေးရုံတက်ရောက်ကုသမှု ခံနေရတဲ့ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုဟာမက် အလီဟာ ဇွန် ၄ ရက်နေ့က ကွယ်လွန်သွားပြီလို့ မီဒီယာတွေမှာ ဖော်ပြပါတယ်။
တခေတ်တခါက အလွန်အောင်မြင် ကျော်ကြားခဲ့တဲ့ အလီဟာ လက်ရှိ အသက် ၇၄ နှစ်ရှိနေပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဆိုးလာတာကြောင့် ဇွန် ၂ ရက်က Phoenix ဖိနစ် နယ်မြေက ဆေးရုံတရု့မှာ တင်ခဲ့ရတာပါ။
ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဆုကို ၃ ကြိမ်တိုင်တိုင် ရရှိခဲ့တဲ့ မိုဟာမက်အလီဟာ ၁၉၈၁ ခုနှစ်မှာ ပြိုင်ဘက် ထရီဗာဘားဗစ်နဲ့ ယှဉ်ပြိုင်ထိုးသတ်အပြီး အနားယူခဲ့တာပါ။
လက်ဝှေ့လောကကနေ အနားယူပြီး ၃ နှစ်အကြာမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကို စတင်ခဲ့စားခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်ပိုင်းနှစ်တွေမှာတော့ သူဟာ ဆေးရုံကို အကြိမ်ကြိမ် တက်ရောက်ကုသမှုတွေ ခံယူခဲ့ရပါတယ်။ ၂၀၁၄
ခုနှစ်မှာတော့ သူဟာ အဆုတ်ယောင်ရောဂါ ခံစားခဲ့ရကာ ၂၀၁၅ ခုနှစ်မှာတော့ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါကြောင့် ဆေးရုံတက်ခဲ့ရပါတယ်။
ကန်တက္ကီ ပြည်နယ်မှာ မွေးတဲ့ အလီဟာ လက်ဝှေ့လောကမှာ ပွဲတိုင်းနီးပါး အနိုင်ရသူ ဖြစ်လို့ "The Greatest," မဟာလက်ဝှေ့ကျော် အဖြစ်လည်း တင်စား ခေါ်ကြပါတယ်။