A d v e r t i s e m e n t With Us

အလုပ်သမား ခေါ်ယူမှု ရပ်ဆိုင်းမည့်ကိစ္စ ထိုင်းအစိုးရ အကြောင်းမကြားသေး

ထိုင်းနိုင်ငံ ငါးလုပ်ငန်းခွင်တခုမှ မြန်မာအလုပ်သမားများ (ဓာတ်ပုံ - ရိုက်တာ)
ထိုင်းနိုင်ငံက မြန်မာလုပ်သားခေါ်ယူနေတာ ရပ်တန့်မယ်ဆိုတဲ သတင်းနဲ့ ပက်သက်ပြီး သက်ဆိုင်ရာက တစုံတရာ အကြောင်းကြားလာတာမရှိသေးဘူးလို့ မြန်မာပြည်ပအလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းရှင်များ အသင်းချုပ်ရဲ့ အတွင်းရေးမှူးက ပြောပါတယ်။ ထိုင်းနိုင်ငံက မြန်မာအလုပ်သမားတွေကို နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ MOU နဲ့ ခေါ်ယူနေရာမှာ ကြားခံကန်ထရိုက်တွေက တဆင့် ခေါ်ယူနေတာကြောင့် လူကုန်ကူးခံရတာတွေ၊ စာချုပ်ပါလုပ်ငန်းတွေမှာ မလုပ်ရတာတွေနဲ့ အလုပ်မရရှိတာတွေအပြင် အလုပ်သမားအခွင့်အရေးတွေမရရှိတာတွေ ကြုံတွေ့နေရတာကြောင့် တဆင့်ခံခေါ်ယူနေမှုတွေကို ထိုင်းအစိုးရက မေလ ၃၀ ရက်နေ့မှာ ဖျက်သိမ်းလိုက်တယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီကိစ္စနဲ့ပက်သတ်ပြီး ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိကို တစုံတရာအကြောင်းကြားထားတာမရှိသေးသလို မြန်မာနိုင်ငံထဲကအေဂျင်စီတွေကိုလည်း အကြောင်းကြားလာတာ မရှိသေးဘူးလို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up