အမေရိကန် ရေနံစိမ်းတင်ရထား တိမ်းမှောက်မီးလောင် (ရုပ်သံ)

842
အမေရိကန်ပြည်ထောင်စု အော်ရီဂွန်ပြနယ်ထဲက ပေါ့လန်ဒမြို့ အပြင်ဘက်မှာ ဇွန် ၃ ရက်နေ့က ရေနံစိမ်းတွေကို တင်ထားတဲ့ ရထားတစင်း လမ်းချော်တိမ်းမှောက်ပြီး မီးလောင်ခဲ့လို့ လမ်းတွေ ယာယီပိတ်ခဲ့ရပါတယ်။
အနီးအနားက ကျောင်းတကျေင်းက ကျောင်းသားကျောင်းသူတွေကိုလည်း ကယ်တင်ခဲ့ပါတယ်။
ယူနီယံ ပစိဖိတ် ကုမ္ပဏီက ပိုင်တဲ့ ရေနံစိမ်းတင် ရထားတိမ်းမှောက်မှုမှာ ဒဏ်ရာရတာတော့ မရှိဘူးလို့ ကုမ္ပဏီက သတင်းထုတ်ပြန်ပါတယ်။
၂၀၀၈ ခုနှစ်က စလို့ အမေရိကန် ပြည်ထောင်စုနဲ့ကနေဒါတို့မှာ အကြီးစား ရေနံရထား တိမ်းမှောက်မှု ၁၀ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပါတယ်။
၂၀၁၃ ဇူလိုင်လက Quebec ကွေးဘက်မြို့မှာ ဖြစ်ခဲ့တဲ့ မတော်တဆမှုမှာ လူ ၄၇ ဦး သေဆုံးခဲ့ဖူးပါတယ်။