တောရိုင်းတိရစ္ဆာန် တရားမ၀င် ကုန်ကူးမှုဖြင့် လူ ၂၂ ဦးကို ထိုင်းအစိုးရ တရားစွဲ






Thai army display a tiger skin found inside Tiger Temple as officials continue moving live tigers from the controversial place, in Kanchanaburi province, west of Bangkok, Thailand, June 2, 2016. Daily News/via REUTERS

1.2K
တောရိုင်းတိရစ္ဆာန်တွေကို တရားမ၀င် ပိုင်ဆိုင်မှု၊ တရားမ၀င် ကုန်ကူးမှုတွေအတွက် လူ ၂၂ ယောက်ကို ထိုင်းအစိုးရက တရားစွဲထားပါတယ်။
ကန်ချနာဘူရီခရိုင်ထဲက ဘုန်းကြီးကျောင်းကနေ ၀က်ဝံအသေတကောင်၊ ကျားသစ်အသေတကောင် အပါအ၀င် တိရစ္ဆာန် အသေကောင်တွေကို ထပ်ပြီး တွေ့ရှိခဲ့ပါတယ်။
ဘန်ကောက်မြို့ အနောက်ပိုင်းမှာရှိတဲ့ ဘုန်းကြီးကျောင်းဟာ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ရာနေရာ ဖြစ်ေ်နတာ နှစ်ပေါင်း ၂၀ ကျော်လာပါပြီ။
ကျားတွေနဲ့ အမှတ်တရ ဓာတ်ပုံရိုက်ခွင့်အတွက် ၀င်ကြေး ဘတ် ၆၀၀ ပေးရပါတယ်။ ၁၉၉၄ ခုနှစ်ကတည်းက ကျားစခန်းကို ဖွင့်လှစ်ခဲ့ပြီး အာဏာပိုင်တွေက ပိတ်ပစ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် မအောင်မြင့်ခဲ့ပါဘူး။
တိရစ္ဆာန်အခွင့်အရေး လှုပ်ရှားသူတွေက ဘုန်းကြီးကျောင်းဟာ တရားမ၀င် ကျားအရောင်းအ၀ယ် ကိစ္စတွေနဲ့ ပတ်သက်နေတယ်လို့ စွပ်စွဲခဲ့တာလည်း ကြာပါပြီ။
ကျားစခန်းကို ရောက်ဖူးတဲ့တချို့သူတွေက အွန်လိုင်းစကားဝိုင်းပေါ်မှာ ကျားတွေ ပျောက်ဆုံးတဲ့အကြောင်း ဆွေးနွေးနေခဲ့ကြပါတယ်။ ဒါပေမ့ယ် ဘုန်းကြီးကျောင်းကတော့ စွပ်စွဲချက်တွေကို ငြင်းဆန်ပါတယ်။
အခုတော့ လူ ၂၂ ယောက်ကို တောရိုင်းတိရစ္ဆာန်တွေ တရားမ၀င် ပိုင်ဆိုင်မှု၊ တရားမ၀င် ကုန်ကူးမှုတွေအတွက် တရားစွဲထားတယ်လို့ ထိုင်းအစိုးရ အမျိုးသားဥယျာဉ် ဌာနက ပြောပါတယ်။
၁၇ ယောက်က ဘုန်းကြီးကျောင်း နာမည်နဲ့ ဖောင်ဒေးရှင်းတခုကို ထူထောင်ထားသူတွေ ဖြစ်ပြီး ဘုန်းကြီး ၃ ပါးကလည်း ကျားသာရေတွေနဲ့ အတူ ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။
ဒီလို တရားမစွဲခင်မှာ ဗုဒ္ဓဟူးနေ့တုန်းက အေးခဲထားတဲ့ ကျားပေါက်စ အသေအကောင် ၄၀ ကို ဘုန်းကြီးကျောင်းကနေ တွေ့ခဲ့ရပါတယ်။
ထိုင်းအစိုးရ လက်အောက်က တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးဌာနက ဘုန်းကြီးကျောင်းကို တနင်္လာနေ့မှာ ၀င်စီးခဲ့စဉ်က ကျားကောင်ရေ ၁၃၇ ကောင်ကို တွေ့ခဲ့ပြီး ၁၁၉ ကောင်ကို နေရာပြောင်းရွှေ့လိုက်ပြီး ဖြစ်ပါတယ်။
ကျားပေါက်စ အသေတွေကို ဘာကြောင့် အအေးခံ သိမ်းဆည်းထားသလဲဆိုတဲ့ ကိစ္စကိုတော့ မသိရသေးပါဘူး။
ဒီလို ကျားပေါက်တွေရဲ့ အရိုးနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဟာ တရုတ် တိုင်းရင်းဆေးဖော်ရာမှာ အသုံးပြုလေ့ရှိပါတယ်။