လက်စတာတိုက်စစ်မှူး ဗာဒီကို ခေါ်ယူရန် အာဆင်နယ် ကြိုးပမ်း
အာဆင်နယ်အသင်းက တိုက်စစ်မှူး ဂျာမီ ဗာဒီကို လက်စတာ အသင်းကနေ ခေါ်ယူဖို့ ကြိုးစားနေပါတယ်။
ဗြိတိသျှ မီဒီယာတွေမှာတော့ အာဆင်နယ်က အသက် ၂၉ နှစ်အရွယ် တိုက်စစ်မှူး ဗာဒီကို ပေါင်သန်း ၂၀ ပေးပြီး ခေါ်ယူဖို့ လုပ်နေတယ်ဆိုပြီး ခန့်မှန်းထားပါတယ်။
အင်္ဂလန် တိုက်စစ်မှူး ဗာဒီဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီမှာ လက်စတာအတွက် ၂၄ ဂိုး သွင်းပေးထားပါတယ်။
သူဟာ လောလောဆယ်မှာ အင်္ဂလန်အသင်းနဲ့အတူ ယူရိုပြိုင်ပွဲဝင်ဖို့ လေ့ကျင့် ပြင်ဆင်နေပါတယ်။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ရာသီမှာ ချန်ပီယံ လက်စတာရဲ့နောက် ၁၀ မှတ်အကွာနဲ့ ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။