ဘေးအန္တရာယ်ကြုံတွေ့ အမေရိကန်စစ်သားများကို ရဟတ်ယာဉ်ဖြင့်ကယ်တင် (ရုပ်သံ)

760
အမေရိကန် ပြည်ထောင်စု ကော်လိုရာဒို ပြည်နယ်ထဲက တောင်တန်းပေါ်မှာ ဘေးအန္တရာယ် ကြုံနေရတဲ့ စစ်သားတွေကို ဇွန် ၃ ရက်နေ့က ရဟတ်ယာဉ်တွေ သုံးပြီး ကယ်တင်ခဲ့ရပါတယ်။
အမျိုးသားဥယျာဉ်နယ်မြေထဲက လောင်းစ် တောင်တန်းပေါ်မှာ အခက်အခဲ ဖြတ်ကျော်နည်း လေ့ကျင့်ခန်း ဆင်းနေတဲ့ စစ်သားအုပ်စုထဲက တချို့က စိတ်ဓာတ်ကျဆင်းနေတာကြောင့် ရှေ့ဆက်ဖို့ ခက်နေတယ်လို့ ဆိုပါတယ်။
ကော်လိုရာဒို မီးသတ်ဌာနရဲ့ တွစ်တာ စာမျက်နှာမှာရေးသားထားချက်အရ လေ့ကျင့်ရေး ဆင်းနေတဲ့ စစ်သား ၁၀ ယောက်ဟာ တောင်ထိပ်ကို ရောက်နေတာကြောင့် မီးသတ်ဌာနက ရဟတ်ယာဉ်တွေကို အသုံးပြုပြီး ရှာဖွေ ကယ်တင်ခဲ့ရတယ်လို့ ဆိုပါတယ်။
ရုပ်သံ - FOX31