A d v e r t i s e m e n t With Us

အီရတ်တပ်က အိုက်အက်စ်စစ်သွေးကြွ ထိန်းချုပ်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက် (ရုပ်သံ)

အီရတ်အစိုးရတပ်တွေဟာ အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေ ထိန်းချုပ်ထားတဲ့ ဖာလူဂျာ မြို့ပြင် အနောက်မြောက်ဘက်ကို မေ ၂ ရက်နေ့က ထိုးစစ်ဆင်နေပါတယ်။ ရှီးယိုက်ပြည်သူ့စစ်တွေရဲ့ အကူအညီနဲ့ အိုင်အက်စ်တွေဆီက မြို့ကိုပြန်သိမ်းဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ မြို့တော် ဘဂ္ဂဒက်ရဲ့ အနောက်ဘက်က ဖာလူဂျာမြို့ အနောက်မြောက်ဘက် ဆက္ကလာဝီယာ ခရိုင်ထဲကို အီရတ်စစ်တပ်က ဝင်ရောက် နေတာပါ။ အမေရိကန်နဲ့ အီရန် အပါအဝင် အင်အားကြီး နိုင်ငံတွေက ကျောထောက်နောက်ခံ ပေးထားတဲ့ အီရတ်အစိုးရကလည်း အိုင်အက်စ်တွေ လက်ထဲကို ၂၀၁၄ခုနှစ်တည်းက ရောက်နေတဲ့ အကြီးစားမြို့ကို ပြန်ရအောင် လုပ်မယ်လို့ ကတိပြုခဲ့ပါတယ်။ ဖာလူဂျာမြို့ဟာ ဆွန်နီသူပုန်တွေရဲ့ အခြေစိုက်စခန်းမြို့ဖြစ်ပြီး သူတို့က အီရတ်ကို အမေရိကန်က ကျူးကျော် ဝင်ရောက်ခဲ့တာကိုရော ရှီးယိုက်ခေါင်းဆောင်တဲ့ အစိုးရကိုပါ တိုက်နေခဲ့တာပါ။ အိုင်အက်စ်တွေက အဲဒီနယ်မြေကို ၂၀၁၄ မှာ သိမ်းပြီး အီရတ် အနောက်ပိုင်းနဲ့ မြောက်ပိုင်းတလွှားကိုပါ သိမ်းပိုက်ခဲ့ပါတယ်။ အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါ အဘာဒီက ဖာလူဂျာမြို့ကို တိုက်မယ်လို့ လွန်ခဲ့တဲ့ ဆယ်ရက် ကတည်းက ကြေညာခဲ့တာပါ။ ဒါပေမယ့် မြို့ထဲမှာ အရပ်သား အယောက် ငါးသောင်းလောက် ပိတ်မိနေမယ်လို့ ယုံကြည်ရပါတယ်။ စစ်သွေးကြွတွေက ရာနဲ့ချီတဲ့ မိသားစုတွေကို မြို့လယ်မှာ လူသားဒိုင်းအဖြစ် အသုံးချ ထိန်းချုပ်ထားတယ်လို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up