A d v e r t i s e m e n t With Us

အရက်မူးပြီး လေးနှစ်သမီးအား အဓမ္မခေါ်သည့် ထိုင်းဘုန်းကြီးကို လူတစုက ရိုက်နှက်

ထိုင်းနိုင်ငံမှာ ဘုန်းကြီးတပါးဟာ ဇွန်လ ၂ ရက်နေ့ ညပိုင်းက အရက်မူးပြီး ၄ နှစ်အရွယ် မိန်းကလေးငယ်တဦးကို အိမ်ထဲဝင်ကာ အဓမ္မခေါ်ဆောင်သွားခဲ့လို့ စိတ်ဆိုးဒေါသထွက်နေတဲ့ လူအုပ်စုကြီးတစုက ရိုက်နှက်ခဲ့ကြတယ်လို့ ထိုင်းရတ်သ တင်းတပုဒ်မှာ ဖော်ပြပါတယ်။ အဲဒီဘုန်းကြီးဟာ အရက်တွေကို တနေကုန်သောက်ထားခဲ့တာဖြစ်ပြီး ကလေးငယ်ကို ဇနီးမယားအဖြစ် သိမ်းယူချင်တယ်လို့ ပြောဆိုကာ အိမ်ထဲမှာ မိခင်၊ အဖွားဖြစ်သူ တို့နဲ့အတူရှိနေခဲ့တဲ့ ကလေးငယ်ကို အတင်းဆွဲလုကာ ခေါ်ဆောင်ထွက်ပြေးခဲ့တာပါ။ ဒီအဖြစ်အပျက်ဟာ လိုအီခရိုင်၊ နာဒေါင်ဒေသ၊ ဘန်ဟွေပလာဒူ ကျေးရွာမှာ ဖြစ်ပျက်ခဲ့တာပါ။ ရဲတွေဟာ တိုင်ကြားစာကို ဇွန် ၂ ရက်နေ့ ဒေသစံတော်ချိန် ည ၉ နာ ရီလောက်မှာ ရရှိခဲ့ကြပြီး အခင်းဖြစ်တဲ့နေရာကို ရောက်သွားခဲ့ချိန်မှာ ကလေးငယ်ရဲ့အဖွားဖြစ်သူ အသက် ၅၇ နှစ်အရွယ် ဖရာသောင်ဆုချီ အာဘူဝါနဲ့ မိခင်ဖြစ်သူ အသက် ၂၅ နှစ်အရွယ် ဒေအန်တို့ ဟာ ထိတ်လန့်ကြောက်ရွံ့နေခဲ့ကြတယ်လို့ ဆိုပါတယ်။ မိခင်ဖြစ်သူဟာ ဘုန်းကြီးက အိမ်ထဲဝင်လာချိန်မှာ တီဗွီကြည့်နေခဲ့တာဖြစ်ပြီး သူတို့ ၂ ဦးဟာ ဘုန်းကြီးသီတင်းသုံးတဲ့ ၀ပ်ဆန်တီဆူခရန်ဘုန်းကြီးကျောင်းဆီပြန်သွားဖို့ ဖျောင်းဖျခဲ့ပေမယ့် မရခဲ့ပါဘူး။ အဖွားလက်ထဲမှာ ပွေ့ချီထားတဲ့ ကလေးငယ်ကို ဇွတ်အတင်းလုယူကာ ထွက် ပြေးခဲ့တာပါ။ ဒီအဖြစ်အပျက်ကြောင့် စိတ်ဆိုးဒေသထွက်နေကြတဲ့ ဆွေမျိုးတွေနဲ့ ရွာသားအုပ် စုကြီးဟာ လမ်းမပေါ်မှာ ဘုန်းကြီးကို ရိုက်နှက်ပြီး ရှုပ်ထွေးတဲ့ ရန်ပွဲတခုဖြစ်သွားခဲ့ပါတယ်။ ကလေးငယ်ဟာ လမ်းမပေါ် လဲကျသွားခဲ့ကာ ကယ်တင်နိုင်ခဲ့ပြီး ဘုန်းကြီးကိုတော့ ရဲတွေရောက်လာချိန်မှာ ဖမ်းဆီးခဲ့တာပါ။ ရဲတွေရောက်လာချိန်မှာတော့ ဘုန်းကြီးဟာ တနေကုန်ပဲ ရွာသားတချို့နဲ့အတူ အရက်တွေသောက်နေခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့ကြပါတယ်။ အဆိုပါဘုန်းကြီးဟာ ၂၀၀၉ ခုနှစ်ကတည်းက ဘုန်းကြီးဝတ်ခဲ့ပြီး မကြာခင်မှာ ပြန်ထွက်ခဲ့ပါတယ်။ သူဟာ ကြားကာလအချိန်အတွင်းမှာပဲ လူထွက်လိုက်၊ ဘုန်းကြီးဝတ်လိုက် နဲ့ သုံးလေးကြိမ်လုပ်နေခဲ့တာပါ။ လက်ရှိမှာတော့ သူ့ကို နာဒေါင်ခရိုင်ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး ပြစ် ဒဏ်ချမှတ်သွားနိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up