A d v e r t i s e m e n t With Us

ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံဟောင်း မိုဟာမက်အလီ ဆေးရုံတက်ရောက် ကုသမှုခံနေရ

ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုဟာမက်အလီဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတခုကြောင့် ဆေးရုံတက်ရောက်ကုသမှု ခံနေရတယ်လို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရသူတဦးက ဇွန် ၂ ရက်နေ့မှာ ပြောပါတယ်။ အသက် ၇၄ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ မိုဟာမက်အလီဟာ အာရုံကြော အဖွဲ့အစည်းဆိုင်ရာ ရောဂါတမျိုးဖြစ်တဲ့ ပါကင်ဆန်ရောဂါကို ခံစားခဲ့ရပြီး ခုချိန်မှာတော့ သက်သာလာခဲ့ပြီလို့ သတင်းထုတ်ပြန်ချက်တခုမှာ ပြောရေးဆိုခွင့်ရသူ ဘော့ဂန်နဲလ်က ပြောပါတယ်။ “ဆေးရုံမှာ ကြပ်ကြပ်မတ်မတ် ကုသမှုတွေလုပ်နိုင်ဖို့ မျှော်လင့်ပါတယ်” လို့ သူက ပြောပါတယ်။ အီးအက်စ်ပီအန် သတင်းတပုဒ်မှာတော့ မိုဟာမက်အလီဟာ ဖီးနစ်စ်မှာ ဆေးရုံတက်ရောက် ကုသမှုခံခဲ့တာလို့ ဖော်ပြပါတယ်။ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဆုကို ၃ ကြိမ်တိုင်တိုင် ရရှိခဲ့တဲ့ မိုဟာမက်အလီဟာ ၁၉၈၁ ခုနှစ်မှာ ပြိုင်ဘက် ထရီဗာဘားဗစ်နဲ့ ယှဉ်ပြိုင်ထိုးသတ်အပြီး အနားယူခဲ့တာပါ။ အဲဒီနောက်ပိုင်းနှစ်တွေမှာတော့ သူဟာ ဆေးရုံကို အကြိမ်ကြိမ် တက်ရောက်ကုသမှုတွေ ခံယူခဲ့ရတာဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ သူဟာ အဆုတ်ယောင်ရောဂါ ခံစားခဲ့ရကာ ၂၀၁၅ ခုနှစ်မှာတော့ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါကြောင့် ဆေးရုံတက်ရောက် ကုသမှုတွေ ခံခဲ့ရတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up