Home
မြန်မာသတင်း
ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး ကျောက်ဖြူတွင် ကွင်းဆင်းညှိနှိုင်း
DVB
·
June 3, 2016
13317016_572498822911955_1529810986136379971_o
13319907_572498806245290_9150128752941371188_n
ရခိုင်ပြည်နယ် အေးချမ်းတည်ငြိမ်ဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဝင် (အေးငြိမ်တိုး) တွေဟာ ဇွန် ၂ ရက်နေ့မနက်ပိုင်းက ကျောက်ဖြူဒေသခံတွေနဲ့တွေ့ဆုံပြီး ဦးစားပေးလုပ်ဆောင်သင့်တဲ့ကဏ္ဍတွေကို မေးမြန်းဆွေးနွေးခဲ့ကြပါတယ်။ နိုင်ငံတော်သမ္မတဦးထင်ကျော်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဗဟိုကော်မတီဥက္ကဋ္ဌ၊ အဖွဲ့ဝင်တွေအဖြစ် အစိုးရအဖွဲ့ဝန်ကြီးအားလုံး၊ ပြည်နယ်ဝန်ကြီးချုပ်နဲ့ စစ်ဘက်အရာရှိကြီးတွေကို မေ ၃၀ ရက်နေ့က တာဝန်ပေးအပ်ခဲ့ပြီး ၂ ရက်အကြာမှာ စတင်ဆောင်ရွက်တာဖြစ်ပါတယ်။ 13317016_572498822911955_1529810986136379971_oနယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က ”လိုအပ်ချက် များကို ၀န်ကြီးများ စုပေါင်းသုံးသပ်ပြီး ဦးစားပေးအစီအစဉ်အလိုက် ဖြည့်ဆည်းဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် အလိုအပ်ဆုံးက ဘာတွေလဲ။ ပညာရေး လား၊ ကျန်းမာရေးလား၊ စားဝတ်နေရေးလား၊ အခြေခံအဆောက်အအုံ၊ လမ်းတံတား အပါအ၀င် အမှန်တကယ်လိုအပ်တာတွက ဘာတွေလဲ။ ဘာတွေဆောင်ရွက် ဖြည့်ဆည်း ပေးရမလဲဆိုတာကို လာရောက်ဆွေးနွေးညှိနှိုင်း တိုင်ပင်တာဖြစ်ပါတယ်“ လို့ ပြောပါတယ်။ “လိုအပ်ချက်တွေကို ၀န်ကြီးတွေ စုပေါင်းညှိနှိုင်းပြီးဖြေရှင်းသွားမယ်၊ ရခိုင်ပြည်နယ်မှာ ကြွယ်ဝတဲ့ သယံဇာတတွေကို အကျိုးရှိရှိ စနစ်တကျသုံးစွဲပြီး ပူးပေါင်းဆောင်ရွက်ရင် ဖွံ့ဖြိုးတိုးတက်လာမှာကျိန်းသေတယ်။” ဒီတွေ့ဆုံပွဲအခမ်းအနားသို့ ကျောက်ဖြူမြို့၊ မြို့မိမြို့ဖတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ဌာနဆိုင်တွေ၊ မြို့ခံတွေ လူပေါင်း ၄၀၀ ခန့်တက်ရောက်ခဲ့ကြပါတယ်။ မြို့ခံတွေတင်ပြချက်နဲ့ပတ်သက်လို့ တက်ရောက်တဲ့ ကျောက်ဖြူမြို့ခံ ဦးထိန်လင်းက “ဦးအောင်မြတ်ထွန်းဆိုရင် ဂျီတီအိုင်ကျောင်းနေရာတောင်းတယ်၊ ဦးတင်ရွှေက ၂၀၁၃ တုန်းက မြုပ်သွားတဲ့ အောင်တံခွန် ၃ အစားထိုးပေးဖို့တောင်းတယ်။ ဦးမင်းချမ်းမွန်က ဘိုးဘွားရိပ်သာအဆောက်အဦမှာ လိုအပ်တဲ့ငွေကြေးကို တောင်းတယ်။ ဦးသန်းလွင်က လမ်းကိုတောင်းတယ်။ ဟန်ပြအဆင့်ပဲဖြစ်မှာပေါ့။ ဒေသခံတွေက တောင်းဆိုတဲ့ အချက် အလက်ကို ဘာလုပ်ပေးမယ်၊ ဘယ်လိုလုပ်ပေးမယ်၊ ဘယ်အချိန်မှာ ဘာတွေဖြစ်လာမယ် ဆိုတာကို ဘာမှ ဂဃနဏ ဖြေဆိုပေးတာမရှိဘူးလေ” လို့ ပြောပါတယ်။ ရခိုင်အမျိုးသားပါတီရဲ့ ကျောက်ဖြူမြို့နယ် အလုပ်အမှုဆောင်လည်းဖြစ်တဲ့သူက “ကျောက်ဖြူ မြို့နယ် တခုတည်း မဟုတ်ဘူးဗျ။ ကျနော်တို့ ရခိုင်ပြည်နယ်တပြည်နယ်လုံးမှာ လိုအပ်နေတာ။ ကျနော်တို့ရခိုင်ပြည်နယ်က အဆင်းရဲဆုံးအဆင့်ကို ရောက်နေပြီလေ။ လမ်းပန်း ဆက်သွယ် ရေး၊ ဘာရေးရယ်လို့ မဟုတ်ဘူးဗျ။ အကုန်လုံး လိုအပ်နေပြီ” လို့ ပြောပါတယ်။ ရခိုင်ပြည်နယ် အေးငြိမ်တိုးဗဟိုကော်မတီရဲ့ ပထမဆုံးအကြိမ်ခရီးစဉ်မှာ ရခိုင်ပြည်နယ် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး၊ အလုပ်သမား၊ လုပ်ဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေး နှင့် အားကာစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း တို့လိုက်ပါလာကြပါတယ်။ ရခိုင်ပြည်နယ်အေးငြိမ်တိုး ဗဟိုအဖွ့ဲ့ဟာ စစ်တွေ၊ မြေပုံစတဲ့မြို့နယ်တွေကိုလည်း သွားရောက်ခဲ့ ကြပါတယ်။ (သတင်း - ထွန်းထွန်းနိုင်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024