ဘရာဇီးနောက်ခံလူ အဲဗက်စ် ဘာစီလိုနာကို စွန့်ခွာတော့မည်
ဘရာဇီးနောက်ခံလူ ဒါနီ အဲဗက်စ်ဟာ စပိန်ထိပ်သီး ဘာစီလိုနာအသင်းကို စွန့်ခွာတော့မှာ ဖြစ်ပါတယ်။
အသက် ၃၃ နှစ်အရွယ် ညာနောက်ခံလူ အဲဗက်စ်ဟာ ဘာစီလိုနာနဲ့အတူ ချန်ပီယံလိဂ် ၃ ကြိမ်၊ လာလီဂါဖလား ၆ ကြိမ်နဲ့ စပိန်ဘုရင့်ဖလား ၄ ကြိမ် ရယူထားပါတယ်။
ဘာကာအသင်း ဒါရိုက်တာ ဖာနန်ဒက်စ်က “အဲဗက်စ်က အသင်းကနေ ထွက်ဖို့ ဆုံးဖြတ်ပြီးပါပြီ။ ဒါဟာ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ဆုံးဖြတ်ချက် ဖြစ်တယ်” လို့ ပြောပါတယ်။
ဘာစီလိုနာဟာ အဲဗက်စ်ရဲ့ နေရာမှာ အစားထိုးဖို့ ဒီနစ် ဆွာရက်ကို ပြီးခဲ့တဲ့နှစ် ဇူလိုင်က ဗီလာရီရဲလ်အသင်းကနေ ခေါ်ယူထားပါတယ်။
ဘရာဇီး နောက်တန်းသမားဟာ ဘာကာအတွက် ပွဲပေါင်း ၃၉၁ ပွဲနဲ့ နိုင်ငံခြားသား ကစားသမားတွေထဲမှာ မက်ဆီ ပြီးရင် ဒုတိယမြောက် ပွဲအများဆုံး ကစားခွင့်ရတဲ့သူလည်း ဖြစ်ပါတယ်။