ဗိုလ်ချုပ်ကို ပင်လုံလိုက်ပို့ခဲ့သည့် တောင်ကြီးမြို့တော်ဝန်ဟောင်း ဦးခန်း ကွယ်လွန်

1K
တောင်ကြီးမြို့တော်ဝန်ဟောင်း ဦးခန်း (ခ) ဦးဖေရွတ်စ်ခါန်း (၁၀၃) နှစ်ဟာ ဇွန် ၃ ရက် မနက် ၄ နာရီ ၁၅ မိနစ်အချိန်က တောင်ကြီးမြို့ နေအိမ်မှာ ကွယ်လွန်သွားပါတယ်။
သူဟာ ၁၉၄၇ ပင်လုံမှာ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဖို့ ဗိုလ်ချုပ်အောင်ဆန်းကို သူ့ကိုယ်ပိုင်ဂျစ်ကားနဲ့ တောင်ကြီးကနေ ပင်လုံထိ ကိုယ်တိုင်လိုက်ပို့ခဲ့ပြီး ပင်လုံစာချုပ် ချုပ်ဆိုမှုကို ကိုယ်တိုင် မျက်မြင်ကြုံခဲ့သူတဦး ဖြစ်ပါတယ်။
သူ့ကို ဒီနေ့ နေ့လယ် ၁ နာရီက တောင်ကြီးမြို့ တိုင်းရင်းသားပေါင်းစုံ စွန္နီမွတ်စလင်သုသာန်မှာ မြှုပ်နှံ သင်္ဂြိုဟ်ခဲ့ပါတယ်။