ဘရာဇီးကွင်းလယ်လူ ကာကာ ဒဏ်ရာကြောင့် ကိုပါဖလားပွဲ လွဲချော်

1.3K
ဘရာဇီး ကွင်းလယ်ကစားသမားတဦးဖြစ်တဲ့ ကာကာဟာ ဒဏ်ရာကြောင့် ကိုပါ အမေရိကားဖလား ပြိုင်ပွဲနဲ့ လွဲချော်သွားပါတယ်။
ကွင်းလယ်လူ ကာကာဟာ ဒေါက်ကလပ် ကော်စတာ ဒဏ်ရာရသွားလို့ ဘရာဇီးအသင်းမှာ အရွေးချယ်ခံရပြီးမှ သူပါ ထပ်ပြီး ဒဏ်ရာရသွားတာပါ။
ကာကာရဲ့နေရာမှာ ဘရာဇီးနည်းပြက ဂန်ဆိုကို ခေါ်ယူထားပါတယ်။
အသက် ၃၄ နှစ်အရွယ် ကာကာဟာ ဘရာဇီးအသင်းကနေ ဒဏ်ရာကြောင့် ၅ ဦးမြောက် နုတ်ထွက်သွားရတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
သူဟာ ဒဏ်ရာကြောင့် ၃ ပတ်လောက် အနားယူရဖွယ် ရှိနေပါတယ်။
ကာကာဟာ အေစီမီလန်၊ ရီးရဲလ်မက်ဒရစ်တို့မှာ ကစားခဲ့ဖူးပြီး လောလောဆယ်မှာတော့ အမေရိကန် မေဂျာလိဂ်ကလပ် အော်လန်ဒို စီးတီးအသင်းမှာ ကစားနေပါတယ်။
အနှစ် ၁၀၀ ပြည့် ကိုပါ အမေရိကားဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် အမေရိကန်နိုင်ငံက ဒီကနေ့မှာ စတင် လက်ခံကျင်းပမှာ ဖြစ်ပါတယ်