ရေလွှာလျှောစီးသမား ခြေထောက်အား ကိုက်ဖြတ်သည့် ငါးမန်းဖြူကို ဖမ်းဆီးသတ်ဖြတ် (ရုပ်သံ)
သြစတြေးလျအနောက်ပိုင်းက ပါသ့်မြို့ကမ်းလွန်ပင်လယ်မှာ ရေလွှာလျောစီးသူတဦးရဲ့ ခြေထောက်တဖက်ကို ကိုက်ဖြတ်ခဲ့တဲ့ ငါးမန်းဖြူတကောင်ကို ဒေသခံအာဏာပိုင်တွေက ပြီးခဲ့တဲ့ ဇွန် ၁ ရက်နေ့က ဖမ်းဆီးသတ်ပစ်လိုက်ပါတယ်။
သြစတြေးလျ ငါးဦးစီးဌာနက ငါးမန်းဖြူကို ငါးမန်းမျှားချိတ်နဲ့ ဖမ်းဆီးသတ်ဖြတ်ပြီး ပင်လယ်ထဲ သွားရောက်စွန့်ပစ်လိုက်တယ်လို့ ဒေသခံသတင်းဌာနက ဆိုပါတယ်။
မေ ၃၁ ရက်နေ့က ငါးမန်းကိုက်ခံရပြီး ပေါင်ပြတ်သွားတဲ့ အသက် ၂၉ နှစ်အရွယ် အမျိုးသားတဦးကတော့ ရွိင်ရယ်ပါသ့်ဆးရုံမှာ စိုးရိမ်ရတဲ့အခြေအနေ ရှိနေဆဲ ဖြစ်ပါတယ်။
ပါသ့်မြို့တောင်ဘက် မန်ဒူရာ (Mandurah) မြို့နယ် ဖယ်လ်ကွန်ကမ်းခြေ (Falcon Bay) မှာ ရေလွှာလျောစီးချိန် ငါးမန်းဖြူ ကိုက်ခံရတာလည်း ဖြစ်ပါတယ်။
ဒေသခံပြည်သူတွေ ဘေးကင်းလုံခြုံရေးဟာ ပထမဦးစားပေးဖြစ်တယ်လို့ အနောက်သြစတြေးလျပြည်နယ်ဝန်ကြီးချုပ်က ပြောဆိုပါတယ်။