ငြိမ်းချမ်းရေးညီလာခံ ကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပထမဆုံး ဆွေးနွေး











1K
အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ကြိုတင်ပြင်ရေးကော်မတီနဲ့ အပစ်ရပ်လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်တွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဇွန်လ ၃ ရက်နေ့က ပထမဆုံးအကြိမ် စတင်ဆွေးနေကြပါတယ်။
ဒီတွေ့ဆုံပွဲမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ ၂ ရဲ့ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက အစိုးရရဲ့ ငြိမ်းချမ်းမူဝါဒတွေကို တိုင်းရင်း သားလက်နက်ကိုင်တွေဆီကို လာရောက်ရှင်းပြတာ ဖြစ်တယ်လို့ ပြောပါတယ်။