A d v e r t i s e m e n t With Us

မီနီဗန်ကားတစီး ကြောက်မက်ဖွယ် ရေစီးနှင့်အတူ မျောပါ (ရုပ်သံ)

တရုတ်နိုင်ငံ၊ အန်ဟွီခရိုင်၊ ဂျီရှီစီရင်စုနယ်မြေထဲမှာ ဇွန်လ ၁ ရက်နေ့က မီနီဗန် အမျိုးအစား ကားတစီးဟာ မြေအောက်မြောင်းတခုကို ဖြတ်မောင်းခဲ့ချိန်မှာ ကြောက်မက်ဖွယ် ရေစီးနဲ့အတူ မျောပါခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ အဲဒီဒေသတွင်းမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကြောင့် နေရာအနှံ့ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေခဲ့တာပါ။ အဲဒီနေ့ကတော့ ရေကြီးရေလျှံမှုကြောင့် မြေအောက်မြောင်းအပေါ်ထိ ရေတွေလျှံနေခဲ့တာဖြစ်ပြီး အဲဒီအပေါ်ကနေ ကားက ဖြတ်ကူးဖို့ ကြိုးစားခဲ့တာပါ။ ကားမောင်းသူဟာ ရေစီးနဲ့အတူ ဖြတ်မောင်းလာချိန် အလယ်လောက်မှာ ဘယ်လိုမှ အရှိန်မထိန်းနိုင်တော့ဘဲ တ၀ဲလည်လည်ဖြစ်ကာ ရေစီးနဲ့အတူ ကားတစီးလုံး မျောပါသွားခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up