A d v e r t i s e m e n t With Us

ယာဉ်ရပ်နားစခန်း အလယ်ခေါင်တွင် ကလေးမွေးသည့် ဦးချိုပြားသမင် (ရုပ်သံ)

အမေရိကန်နိုင်ငံ အလာစကာပြည်နယ် အန်ကာရေ့ခ်ျမြို့က ကုန်တိုက်ဈေးရဲ့ ယာဉ်ရပ်နားစခန်း အလယ်ခေါင်မှာ ဦးချိုပြား အမေရိကန်သမင်တကောင် ကလေးမွေးထားလို့ ဖြတ်သွားဖြတ်လာလူတွေ အံ့သြခဲ့ကြပါတယ်။ ရပ်ထားတဲ့ ဂျစ်ကားဘေးမှာ နာရီနဲ့ချီပြီး နားနေတဲ့ သမင်သားအမိကို မြင်ရတဲ့ ဖြတ်သွားဖြတ်လာလူတွေ အံ့သြဝမ်းသာခဲ့ကြပါတယ်။ သားပေါက်လေးကတော့ လမ်းလျှောက်ဖို့ သူ့ခြေထောက်ကို စမ်းထောက် ကြည့်နေခဲ့တယ်လို့ အစီရင်ခံထားပါတယ်။ ကားပိုင်ရှင်ကတော့ သူ့ကားကို ဘယ်လို မောင်းထွက်ရမလဲဆိုတာ စဉ်းစားခဲ့ရတာပါ။ လက်ရှိအချိန်ဟာ ချိုပြားသမင်တွေ သားပေါက်တဲ့ရာသီဖြစ်လို့ အရာရှိတွေက ဒေသခံတွေ သမင်သားအမိနား မကပ်ကြဖို့ သတိပေးထားခဲ့ပြီး ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up