A d v e r t i s e m e n t With Us

မုံရွာတွင် လူအယောက် ၂၀ ခွေးရူးကိုက်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာ အခုရက်ပိုင်းတွေအတွင်း လူ အယောက် ၂၀  ခွေးရူးကိုက်ခံခဲ့ရတယ်လို့ မုံရွာ ရဲစခန်းက ပြောပါတယ်။ ဇွန် ၁ ရက်နေ့က ၃ ဦး၊  ဇွန် ၂ ရက်နေ့မှာ ၁၇ ဦး အကိုက်ခံခဲ့ရတယ်လို့ နယ်မြေစခန်းမှူး ရဲအုပ်ရဲအောင်က ဒီဗွီဘီကိုြောပါတယ်။ အကိုက်ခံရတဲ့အထဲမှာ ဘုန်းကြီး ၁ ပါးနဲ့ သီလရှင် ၁ ပါးအပါဝင် အမျိုးသား ၁၂ ဦးနဲ့ အမျိုးသမီး ၈ ဦးတို့ဖြစ်တယ်လို့ ဆိုပါတယ်။ ခွေးရူးအကိုက်ခံရသူတွေကို မုံရွာဆေးရုံကြီး အရေးပေါ်လူနာဌာနမှာ ခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးပေးနေပါတယ်။ ခွေးရူးက လူအယောက် ၂၀ အပြင် တခြားခွေတွေကိုလည်း ကိုက်ခဲ့သေးတယ်လို့ မြဝတီရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ အကိုက်ခံရတဲ့ခွေးတွေကိုတော့ ဖမ်းဆီးပြီး ကျန်းမာရေးဌာနက ခွေးရူးပြန်ရောဂါကာကွယ်ဆေးတွေ လိုက်လံထိုးပေးခဲ့တယ်လို့ ဆိုပါတယ်။ 13315488_490297284508605_4826665145550215715_nပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့ကလည်း မြဝတီရပ်ကွက်က ၄ နှစ်အရွယ် မိန်းကလေးတဦး ခွေးရူးပြန်ရောဂါကြောင့် သေဆုံးခဲ့သေးတယ်လို့ ပြောပါတယ်။ ခွေးရူးကိုတော့ သလ္လာရပ်ကွက် မန်ကျည်းပင်ဈေးအနီးမှာ သုတ်သင်နိုင်ခဲ့ပါတယ်။ သတင်းနှင့်ဓာတ်ပုံ - Lay Maha

A d v e r t i s e m e n t With Us

More News
Up