ယူရိုပြိုင်ပွဲမတိုင်မီ နောက်ဆုံးခြေစမ်းပွဲတွင် အင်္ဂလန်အသင်း ပေါ်တူဂီကို အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

7K
ဇွန် ၂ ရက် ညက ယှဉ်ပြိုင်သွားတဲ့ နိုင်ငံတကာခြေစမ်းပွဲမှာ အင်္ဂလန်က ပေါ်တူဂီကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
ဝင်ဘလေကွင်းမှာယှဉ်ပြိုင်တဲ့ ဒီပွဲမှာ ၃၅ မိနစ်မှာ ပေါ်တူဂီအသင်းက အဲဗက်စ် ကစားတာကြမ်းလို့ အထုတ်ခံရပြီး စောစောစီးစီး တယောက်လျော့နဲ့ ယှဉ်ပြိုင်သွားရပါတယ်။
အင်္ဂလန်က ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ပေမယ့် ထိုးဖောက်ကန်သွင်းခွင့်တော့ အပြန်အလှန် ရခဲ့ပါတယ်။
တလုံးတည်းသော အနိုင်ဂိုးကို ၈၆ မိနစ်မှာ အင်္ဂလန် နောက်တန်းကစားသမား စမောလင်းက ခေါင်းတိုက် သွင်းယူပါတယ်။
မန်ယူနောက်တန်းလူ စမောလင်းအတွက်တော့ အင်္ဂလန်အတွက် ၂၅ ပွဲမြောက် ကစားပေးတာ ဖြစ်ပါတယ်။
အင်္ဂလန်က ခြေစမ်းပွဲမှာ စတာလင်၊ ဟယ်ရီကိန်း၊ ဂျက် ၀ီရှိုင်းယားတို့ကို လူစားလဲ အသုံးပြုသွားပါတယ်။