Home
မြန်မာသတင်း
ပဲခူးရိုးမတွင် အဆိပ်လူးမြား ပစ်ခတ်ခံထားရသည့် တောင်ဆင်ရိုင်း ၁ ကောင် တွေ့ရှိ
DVB
·
June 2, 2016
ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး အနောက်ဘက် ၁ မိုင်ခန့်အကွာ ပဲခူးရိုးမအတွင်း အဆိပ်လူးမြားနဲ့ ပစ်ခတ်ခံထားရတဲ့ ဒဏ်ရာရ တောဆင်ရိုင်းတကောင်ကို တွေ့ရှိခဲ့ပါတယ်။ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ရန်ကုန်-နေပြည်တော်အမြန် လမ်းမကြီး မိုင်တိုင် အမှတ် ၇၇ မိုင် ၂ ဖာလုံရဲ့ အနောက်ဘက် ၁ မိုင်ခန့်အကွာ ပဲခူးရိုးမ ဘိုင်းဒါးကြိုးဝိုင်းထဲမှာ ဇွန်လ ၁ ရက် ညနေပိုင်းက အဆိပ်လူးမြားနဲ့ ပစ်ခတ်ခံထားရတဲ့ တောဆင်ရိုင်းတကောင်ကို တွေ့ရှိခဲ့တာပါ။ တောဆင်ရိုင်း အဆိပ်လူးမြား ပစ်ခတ်ခံထားရတဲ့နေရာကို ကျောက်တံခါးမြို့နယ် သစ်တော ဦးစီးဌာန ဦးစီးအရာရှိ ဦးစန်းယု၊ တောအုပ်ကြီးဦးကျော်ခင် ဦးမောင်သိန်းနဲ့ သစ်တောဝန်ထမ်း များ၊ သစ်ထုတ်လုပ်ရေးအဖွဲ့များ၊ ဖဒိုနယ်မြေရဲစခန်းက ဒုရဲအုပ်ဇင်မင်းထွန်းနဲ့ တပ်ဖွဲ့ဝင်တွေ သစ်တောရဲပူးပေါင်းအဖွဲ့က သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆင်ဟာ တောဆင်ရိုင်းဟိုင်းဆင် ဖြစ်ပြီး ဆင်ရဲ့ တင်ပါး ဘယ်၊ ညာမှာ အဆိပ်လူးမြားတွေ တွေ့ရှိရပြီး အသက်မသေဆုံးတာကို တွေ့ခဲ့ရတယ်လို့ သိရပါတယ်။ အဆိပ်လူးမြားဒဏ်ကြောင့် လှုပ်ရှားမှု နှေးကွေးနေတဲ့ ဒဏ်ရာရ တောဆင်ရိုင်းကို ဝိုင်းဝန်း ဖမ်းဆီးကာ သစ်တောဦးစီးဌာန ရန်ကုန်ဆင်ဆေးကုသရေးအဖွဲ့က အချိန်မှီဆေးကုသနိုင်ဖို့ စီစဉ်ဆောင်ရွက်နေပြီး တောဆင်ရိုင်းကို အဆိပ်လူးမြားနဲ့ ပစ်ခတ်ခဲ့တဲ့ အဖွဲ့ကို ဖမ်းဆီးနိုင်ဖို့ စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ (ကိုးကား၊ ဓာတ်ပုံ - MOI)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024