A d v e r t i s e m e n t With Us

ရိုဟင်ဂျာဆန့်ကျင်ရေးဆန္ဒပြပွဲ မော်လမြိုင်တွင် ပြုလုပ်

မွန်ပြည်နယ် မော်လမြိုင်မြို့ ကမ်းနားလမ်းမှာ အမျိုးသားရေးကွန်ရက်အဖွဲ့က ဦးဆောင်ကျင်းပတဲ့ ရိုဟင်ဂျာ အသုံးနှုန်းနဲ့ ရိုဟင်ဂျာဆန့်ကျင်ရေး ဆန္ဒပြပွဲကို ဇွန်လ ၂ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ဘင်္ဂလီကို ရိုဟင်ဂျာသုံးစွဲသူ (ဒို့ရန်သူ)၊ အမေရိကန်သံရုံးရဲ့ ရိုဟင်ဂျာလို့ကြေညာချက် (ချက်ချင်းဖျက်)၊ တိုင်းရင်းသား ၁၃၅ မျိုး ထပ်တိုးမည့်အကြံ (ဒို့လက်မခံ)၊ ခိုးဝင်ဘင်္ဂါလီနဲ့ သမိုင်းလိမ်ရိုဟင်ဂျာ (အလိုမရှိ)၊ ပြည်တွင်းရှိ တရားမဝင် ခိုးဝင်ဘင်္ဂါလီ (ဖမ်းဆီးပေး) စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဒီဆန္ဒပြပွဲကို လူပေါင်း ၂ ထောင်ခန့်  ပါဝင်ဆန္ဒပြခဲ့ကြပါတယ်။  

A d v e r t i s e m e n t With Us

More News
Up