လော့စ်အိန်ဂျလိစ် တက္ကသိုလ်တွင် လူ ၂ ဦး အသေပစ်သတ်ခံရ

ဓာတ်ပုံ - ရိုက်တာ
အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ်က လော့စ်အိန်ဂျလိစ် တက္ကသိုလ် (UCLA) ရဲ့ ပရိဝုဏ်မှာ ဇွန် ၁ ရက်နေ့ မနက်က လူ ၂ ဦး အသေပစ်သတ်ခံရပါတယ်။ ဒါကြောင့် တက္ကသိုလ် ပရိဝုဏ်တခုလုံးကို ၂ နာရီကြာ ပိတ်ချခဲ့ရပြီး ရာနဲ့ချီတဲ့ ကျောင်းသားတွေ အဆောက်အဦတွေထဲမှာ ပုန်းအောင်းနေခဲ့ရပါတယ်။ ပစ်ခတ်သူဟာ တက္ကသိုလ် ပရိဝုဏ်ထဲမှာပဲ ရှိနေတာ ဖြစ်နိုင်တယ်လို့ တက္ကသိုလ် အရာရှိတွေက ဇွန် ၁ ရက် မနက်က ပြောပါတယ်။ အင်ဂျင်နီယာနဲ့ အသုံးချသိပ္ပံဌာနရဲ့ ဘိုအယ်လ်တာခန်းမမှာ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါပြီ။ တခြားလူတွေ ထိခိုက်ဒဏ်ရာရမှု အတည်ပြုချက် မရှိသေးဘူးလို့ လော့စ်အိန်ဂျလိစ် ရဲဌာန မီဒီယာဆက်ဆံရေးအရာရှိ အန်ဒရူး နေးမန်းက ပြောပါတယ်။ တက္ကသိုလ်ပရိဝုဏ် ပိတ်ထားတာကို ပြန်ဖွင့်ပြီးပေမယ့် ရဲအရာရှိ တချို့ကတော့ ပရိဝုဏ်ထဲမှာ ကင်းလှည့်နေဆဲပါ။ ဖမ်းထားတဲ့လူ ၂ ဦးထဲက တဦးဟာ သေနတ်နဲ့ပစ်သူလို့ ရဲတွေက ယုံကြည်ကြပါတယ်။ တက္ကသိုလ်အတန်းတွေကို ဇွန် ၁ ရက် မွန်းလွဲပိုင်းက ဖျက်သိမ်းလိုက်ပေမယ့် ဇွန် ၂ ရက်မှာ ပြန်စဖွင့်မယ်လို့ တက္ကသိုလ်ရဲ့ ဒု-အုပ်ချုပ်ရေးမှူးနဲ့ ကျောင်းအုပ်ကြီး စကော့ဝါးက ပြောပါတယ်။ ပစ်ခတ်မှုကို တုံ့ပြန်တဲ့အနေနဲ့ လော့စ်အိန်ဂျလိစ် ရဲဌာနကို ဗျူဟာမြောက် တပ်လှန့်ထားတယ်လို့ ရဲအစီရင်ခံစာတွေက ဆိုပါတယ်။ အနားက ဝါနာ မူလတန်းကျောင်းကိုပါ ဘေးကင်းရေး သတိထားတဲ့အနေနဲ့ ပိတ်ထားခဲ့တယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up