A d v e r t i s e m e n t With Us

ဒရင့်ဝါတားကို မရွေးချယ်မှု မှားယွင်းဟု အင်္ဂလန်တိုက်စစ်မှူးဟောင်း ဝေဖန်

ဒရင့်ဝါတား။ (ဓာတ်ပုံ - ရိုက်တာ)
အင်္ဂလန်လက်ရွေးစင်အသင်းက ရွေးချယ်လိုက်တဲ့ ၂၃ ဦး စာရင်းမှာ ကွင်းလယ်ကစားသမား ဒရင့် ၀ါတားကို ချန်ထားခဲ့တာဟာ မှားယွင်းတယ်လို့ အင်္ဂလန်တိုက်စစ်မှူးဟောင်း အလန်ရှီးယားက ပြောပါတယ်။ လက်ဆက်စတာအသင်း ကွင်းလယ်ကစားသမားဟာ နည်းပြ ဟော့ဆန်က အပြီးသတ် ရွေးချယ်တဲ့ ကစားသမား ၂၃ ဦး စာရင်းကနေ ချန်ထားခံရသူ ဖြစ်ပါတယ်။ လက်ရွေးစင်အသင်းမှာ ကြံ့ခိုင်မှုအတွက် မေးခွန်းထုတ်စရာ ဖြစ်နေသေးတဲ့ ကွင်းလယ်လူတွေဖြစ်တဲ့ ၀ီရှိုင်းယား၊ ဟန်ဒါဆန်တို့ကို ရွေးချယ်လိုက်တာဟာ လောင်းကစားလုပ်သလို ဖြစ်နေတယ်လို့လည်း ရှီးယားက ဝေဖန်ပါတယ်။ ဒရင့် ၀ါတားဟာ အင်္ဂလန်အတွက် ၃ ပွဲ ကစားပေးထားပြီး မတ်လထဲမှာ နယ်သာလန်ကို အနိုင်ရတဲ့ ခြေစမ်းပွဲမှာ ခြေစွမ်းပြ ကစားထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up