လက်ထပ်ခွင့် ငြင်းပယ်သည့် ပါကစ္စတန်ဆရာမ မီးရှို့အသတ်ခံရ (ရုပ်သံ)

အသက် ၁၈ နှစ်အရွယ် ပါကစ္စတန်နိုင်ငံသူ ကျောင်းဆရာမတဦးဟာ လက်ထပ်ခွင့်တောင်းတာကို ငြင်းပယ်ခဲ့တဲ့အတွက် မီးရှို့ပြီး အသတ်ခံခဲ့ရတယ်လို့ ရဲတွေက ပြောပါတယ်။ ပြစ်မှုကျူးလွန်သူတွေဟာ မာရီယာအက်ဘ်ဆီအမည်ရတဲ့ အဲဒီအမျိုးသမီးကို မ သတ်ခင်မှာ ရိုက်နှက်ပြီး ဓာတ်ဆီနဲ့လောင်းကာ မီးရှို့ထားခဲ့ကြတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ မာရီယာရဲ့ ဦးလေးဖြစ်သူ ရာဖာကွက်တ် အက်ဘ်ဆီက “အဲဒီနေ့က မိသားစုဝင် တွေအားလုံး အိမ်နားက နာရေးတခုကို သွားနေချိန်မှာ မာရီယာဟာ ၅ နှစ်အရွယ် ညီမ ငယ်နဲ့အတူ အိမ်မှာ ကျန်နေခဲ့တယ်။ သူမီးရှို့ခံရတယ်လို့ မိသားစုဝင်တွေက ကြားခဲ့ချိန်မှာ သူတို့က အိမ်မှာ ပိုက်လိုင်းပေါက်ပြီး မီးလောင်တာ၊ ဒါဟာ မတော်တဆမှုတခုခုလို့ ထင်ခဲ့ကြတာ”လို့ ပြောပါတယ်။ ဒီမီးရှို့အသတ်ခံရမှုဟာ ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့ညမှာ ဖြစ်ခဲ့တာဖြစ်ပြီး မိသား စုဝင်တွေအိမ်ပြန်ရောက်ခဲ့ချိန်မှာ မာရီယာဟာ ကြမ်းပြင်ပေါ်မှာ လဲကျနေခဲ့ပြီး သူ့ခန္ဓာကိုယ်ရဲ့ ၈၅ ရာခိုင်နှုန်းလောက်ဟာ မီးလောင်ကျွမ်းနေခဲ့တယ်လို့ စီအန်အန်သတင်း တပုဒ်မှာ ဖော်ပြပါတယ်။ သူ့ကို ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ်မာဘတ်မြို့က ဆေးရုံတခုဆီခေါ်ဆောင်သွားခဲ့ပြီး နောက်ပိုင်း ဇွန်လ ၁ ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။ အစောပိုင်းက သူတို့အိမ်ကို လူ ၄ ယောက်ဟာ တရကြမ်းဝင်သွားခဲ့တာကို တွေ့ ခဲ့ရတယ်လို့ ရဲစုံထောက် ဆိုဟေး အက်ဘ်ဆီက ပြောပါတယ်။ လက်ရှိမှာတော့ အမှုနဲ့ပတ်သက်ပြီး သံသယရှိသူ ၃ ဦးကို ရဲတွေက ဖမ်းဆီးစစ် ဆေးနေတယ်လို့ ပန်ဂျပ်ပြည်နယ်ရဲစခန်းမှ ပြောရေးဆိုခွင့်ရသူ နက်ဘီးလ ဂါဇန်ဖာက ပြောပါတယ်။ ပန်ဂျပ်ပြည်နယ် ရဲချုပ်က အမှုနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးဖို့ အဖွဲ့ ၃ ဖွဲ့ခွဲပြီး စုံ စမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ပါကစ္စတန်နိုင်ငံ လူ့အခွင့်အရေးလွတ်လပ်စွာလှုပ်ရှားရေးကော်မရှင်ရဲ့ အဆိုအရ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်အတွင်း ရဲတွေက စုံစမ်းဖော်ထုတ်ခဲ့ရတဲ့ အမျိုးသမီးတွေကို မီးရှို့မှု ၇၆ မှုဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ မေ ၃၁ ရက်နေ့ ဒေးလီးနယူး သတင်းရုပ်သံဖိုင်ထဲမှာတော့ မာရီယာအက်ဘ်ဆီ မီးရှို့ခံရပြီးနောက် မသေဆုံးမီ အခြေနေနဲ့ မိသားစုဝင်တွေရဲ့ ပြောကြားချက်တွေကို ဖော်ပြထားပါတယ်။ ရုပ်သံ - ဒေးလီးနယူး  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up