A d v e r t i s e m e n t With Us

ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒို အင်္ဂလန်နှင့် ခြေစမ်းပွဲတွင် မပါဝင်

ဓာတ်ပုံ - အင်စတာဂရမ်
အင်္ဂလန်အသင်းနဲ့ ပေါ်တူဂီတို့ရဲ့ ယူရိုပြိုင်ပွဲအကြို ခြေစမ်းပွဲကို ၀င်ဘလေကွင်းကြီးမှာ ဒီနေ့ည ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ခြေစမ်းပွဲစဉ်မှာ နာမည်ကြီး တိုက်စစ်မှူး ရော်နယ်ဒို ပေါ်တူဂီအသင်းမှာ ပါဝင်ကစားနိုင်မှာ မဟုတ်သေးဘူးလို့ နည်းပြ ဆန်းတို့စ်က ပြောပါတယ်။ ရော်နယ်ဒိုဟာ အားလပ်ရက် ခရီးသွားနေတဲ့အတွက် ကစားနိုင်ခြင်း မရှိသေးပါဘူး။ အင်္ဂလန်အသင်းမှာတော့ ဆောက်သမ်တန် နောက်ခံလူ ဘာတရန်း ဒဏ်ရာကြောင့် ပါဝင်ဖို့ မသေချာတဲ့ အနေအထားမှာ ရှိနေပါတယ်။ အင်္ဂလန်ဟာ မေလထဲမှာ ခြေစမ်းပွဲတွေအဖြစ် တူရကီ၊ သြစတြေးလျတို့ ယှဉ်ပြိုင်ရမှာ ၂  ပွဲစလုံး အနိုင်ရထားပါတယ်။ အင်္ဂလန်ဟာ ယူရိုပြိုင်ပွဲ အုပ်စု ဘီမှာ ဝေးလ်၊ ရုရှား၊ စလိုဗက်ကီးယားတို့နဲ့ တအုပ်စုတည်း ကျရောက်နေပါတယ်။ ပေါ်တူဂီကတော့ အုပ်စု အက်ဖ်မှာ သြစတြီးယား၊ ဟန်ဂေရီ၊ အိုက်စလန်တို့နဲ့ တအုပ်စုတည်း ကျနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up