A d v e r t i s e m e n t With Us

ဒေါ့မွန်ကွင်းလယ်လူ ဂန်ဒိုဂန်ကို မန်စီးတီး ခေါ်ယူ

ဓာတ်ပုံ - Mirror
မန်ချက်စတာစီးတီးအသင်းက ကွင်းလယ်ကစားသမား တဦးဖြစ်တဲ့ ဂန်ဒိုဂန်ကို ခေါ်ယူနိုင်ပြီဖြစ်ကြောင်း အတည်ပြုလိုက်ပါတယ်။ အသက် ၂၅ နှစ်အရွယ် ကွင်းလယ်လူကို ဂျာမန်ကလပ် ဒေါ့မွန်ကနေ ခေါ်ယူလိုက်တာပါ။ သတင်းတွေမှာတော့ ပြောင်းရွှေ့ကြေးအတွက် ပေါင်သန်း ၂၀ လောက် ပေးရလိမ့်မယ်ဆိုပြီး ခန့်မှန်းထားပါတယ်။ ဂျာမန် ကွင်းလယ်ကစားသမား ဂန်ဒိုဂန်ဟာ ဒူးဒဏ်ရာအတွက် ခွဲစိတ်ကုသမှု ခံယူထားရပါတယ်။ သူဟာ ဒဏ်ရာကြောင့် လာမယ့် ယူရိုပြိုင်ပွဲနဲ့ လွဲချော်မှာဖြစ်ပေမယ့် လာမယ့် ပရီးမီးယားလိဂ် ရာသီအစမှာတော့ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။ ဂန်ဒိုဂန်ဟာ ဒေါ့မွန်ကို ၂၀၁၁ မှာ ရောက်ရှိလာပြီး အသင်းကို ၂၀၁၃ မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲအထိရောက်အောင် ကူညီထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up