Home
မြန်မာသတင်း
ကသာ အခြေခံလူတန်းစားများအတွက် တန်ဖိုးနည်းအိမ်ရာစီမံကိန်းကိစ္စ ရှင်းလင်း
DVB
·
June 2, 2016
13342938_569175886594704_2995412259437194144_n (1)
13339490_569178613261098_7816190852005596389_n
13335619_569179029927723_1500689318207265800_n
13330975_569178549927771_3413407344656819355_n
13325635_569176316594661_5749920533032270112_n
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်းမှာ တည်ဆောက်မယ့် အခြေခံ လူတန်းစားတို့အတွက် တန်ဖိုးနည်းအိမ်ရာစီမံကိန်း ဆိုင်ရာအချက်အလက်တွေကို ဇွန်လ ၁ ရက်နေ့က ဒေသခံပြည်သူတွေကို ကသာမြို့တော်ခန်းမမှာ ရှင်းလင်းတင်ပြခဲ့ပါတယ်။ The Infrastructure of Myanmar နဲ့ စိမ်းဝါနီကုမ္ပဏီတို့ ပူးပေါင်းဖော်ဆောင်မယ့် အိမ်ရာစီမံကိန်းဟာ ၈ ခန်းတွဲ၊ ၄ ထပ်၊ ၃၂ လုံး၊ ၄ ခန်းတွဲ၊ ၈ ထပ် ၈၀ လုံးကို မြေဧက ၂၀ ရှိ မြေကွက်ပေါ်မှာ တည်ဆောက်မှာဖြစ်ပါတယ်။ အခန်းအကျယ်မှာ ပေ ၂၀၊ ပေ ၃၀ နဲ့ တိုက်ခန်းစုစုပေါင်း ၂၅၆၀ ကို တစ်လ ကျပ်ငွေ ၃ သောင်းနဲ့ နှစ်ပေါင်း ၃၀ ပေးသွားရမယ်လို့ The Infrastructure of Myanmar က ဦးခွတ်ထွန်း ကပြောပါတယ်။ တိုက်ခန်း ၃၀ ရာခိုင်နှုန်းကို ဒေသခံ အိမ်ရာမရှိသူတွေအတွက် စီစဉ်ထားပြီး၊ ၄၀ ရာခိုင်နှုန်းကို ဝန်ထမ်းတွေအတွက် ခွဲဝေသွားမှာဖြစ်သလို ကျန်ရှိနေသေးတဲ့ ၃၀ ရာခိုင်နှုန်းကိုတော့ အိမ်ယာမဲ့ဒေသခံ အလုပ်သမားတွေကို အခမဲ့ခွဲဝေပေးမယ်လို့ ပြောပါတယ်။ ဝယ်ယူမယ့်သူဟာ မြန်မာနိုင်ငံသား ဖြစ်ရမယ့်အပြင် အလုပ်သမား သက်သေခံကတ် ပါရှိသူသာ လျှောက်ထားခွင့်ရှိပြီး အခုအိမ်ရာကို ခွင့်ပြုချက်ရတာနဲ့ ၂ နှစ်အတွင်း တည်ဆောက်မယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် တန်ဖိုးနည်း အိမ်ရာ ဆောက်လုပ်ရာမှာ လုပ်သား ၄၀၀ လောက်နဲ့ အကောင်အထည်ဖော် ဆောက်လုပ်မှာဖြစ်ပြီး ဒေသခံ အလုပ်သမားတွေကို အလုပ်အကိုင် အခွင့်အလမ်း ရရှိစေဖို့ ၇၀ ရာခိုင်နုန်း ခေါ်ယူမှာ ဖြစ်ပါတယ်။ သတင်းနှင့်ဓာတ်ပုံ - သီဟဆွေ (ကသာ)    
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024