A d v e r t i s e m e n t With Us

အင်ဒိုနီးရှားတွင် ပြင်းအား ၆ ဒသမ ၂ ရှိ ငလျင်လှုပ်

ဓာတ်ပုံ - USGS
အင်ဒိုနီးရှားနိုင်ငံ စူမားတြားကျွန်းမှာ အင်အား ရစ်ခ်ျစတာစကေး ၆ ဒသမ ၂ ရှိတဲ့ ငလျင်တခု ဒီနေ့ မနက်က လှုပ်ခတ်သွားတယ်လို့ အမေရိကန်နိုင်ငံ ဘူမိဗေဒ စစ်တမ်းအဖွဲ့ USGS က အစီရင်ခံပါတယ်။ ငလျင်ဟာ ပဒန်မြို့ တောင်ဘက် ၉၅ မိုင်အကွာ မြေအောက် အနက် ၂၅ မိုင်ကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာပါ။ အသေအပျောက် ထိခိုက်ဒဏ်ရာရမှုနဲ့ အပျက်အစီးစာရင်းကို မသိရသေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up