ကားကိုကျော်တက်သည့် ဆိုင်ကယ်တိမ်းမှောက်၊ ယာဉ်မောင်းသေဆုံး
DVB
·
June 1, 2016
ကျောက်တံခါးမြို့မှာ ကားကို ကျော်တက်တဲ့ မော်တော်ဆိုင်ကယ်တိမ်းမှောက်ပြီး ယာဉ်မောင်း သေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ပဲခူးတိုင်း ကျောက်တံခါးမြို့ ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ် ၁၁၅ / ၄ ဖာလုံ အနီးမှာ ဇွန်လ ၁ ရက်နေ့ မနက် ၁၁ နာရီခွဲလောက်က ကျောက်တံခါးမြို့ဘက်ကနေ မောင်းနှင်လာတဲ့ ဆိုင်ကယ်ဟာ အလားတူယာဉ်ကြောက မောင်းနှင်လာတဲ့ကားကို ကျော်တက် ရာကနေ ကားနောက်နဲ့ ချိတ်မိပြီး ဆိုင်ကယ်တိမ်းမှောက်ခဲ့ပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် ဆိုင်မောင်းလာတဲ့ အသက် ၁၄ နှစ်အရွယ် မောင်အာကာမင်းဟာ အခင်းဖြစ်ပွားရာနေရာမှာပင် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ ဆိုင်ကယ်နောက်မှ လိုက်ပါလာတဲ့ မဇင်မာထွေးမှာ ညာဘက် တံတောင်စစ်ကျိုးသွားခဲ့တဲ့အတွက် ကျောက်တံခါးဆေးရုံသို့ ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။
ကားယာဉ်ပိုင်ရှင်မှာ ယာဉ်နဲ့အတူ ထွက်ပြေးမောင်းထွက်သွားပြီး ဆိုင်ကယ်မောင်းသူ အာကာမင်းကို ကျောက်တံခါးမြို့မရဲစခန်းက ယာဉ်ပ ၁၇ / ၂၀၁၆ ပုဒ်မ ၃၀၄ က ၃၃၈ ဖြင့် အမှုဖွင့်ထားပြီး ထွက်ပြေးမောင်းနှင်သူ ကားပိုင်ရှင်ကို စုံစမ်းဖော်ထုတ်ဆဲလို့ သိရပါတယ်။
(သတင်း၊ ဓာတ်ပုံ - ကိုသူရိန်)