A d v e r t i s e m e n t With Us

ဖာလူဂျာမြို့ထဲတွင် အိုင်အက်စ်၏ ပြင်းထန်သည့်တိုက်စစ်နှင့် အီရတ်စစ်တပ် ရင်ဆိုင်ရ

ဓာတ်ပုံ - ရိုက်တာ
အီရတ်နိုင်ငံမှာ အိုင်အက်စ် အကြမ်းဖက် အမာခံမြို့တမြို့ဖြစ်တဲ့ ဖာလူဂျာမြို့ထဲကို အီရတ်စစ်တပ် ၀င်ရောက်သွားပြီး နောက်တရက် မေ ၃၁ ရက်နေ့မှာ အိုင်အက်စ် အကြမ်းဖက်တွေရဲ့ ပြင်းထန်တဲ့ တန်ပြန်တိုက်စစ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဖာလူဂျာမြို့တွင်းကို စစ်မျက်နှာ ၃ ခုဖွင့်ပြီး ၀င်ရောက်ခဲ့တာမှာ မေ ၃၁ ရက်နေ့ အရုဏ်တက်ချိန်မှာ မြို့တောင်ပိုင်းက ၀င်ရောက်တဲ့တပ်တွေ အပြင်းအထန် တိုက်ခိုက်ခံရတာပါ။ အီရတ်စစ်တပ်က ပြန်လည်ချေမှုန်းနိုင်ခဲ့ပေမယ့် အထိအခိုက် အကျအဆုံး များခဲ့တယ်လို့ အီရတ်စစ်တပ် သတင်းရင်းမြစ်တွေက ဆိုပါတယ်။ ဖာလူဂျာမြို့ထဲမှာ ပိတ်မိနေကြတဲ့ အရပ်သား ၅ သောင်းရဲ့ လုံခြုံရေး အခြေအနေအတွက် ကူညီကယ်ဆယ်ရေး အဖွဲ့တွေက စိုးရိမ်ပူပန်နေကြပြီး မြို့တွင်းမှာ စားနပ်ရိက္ခာ ပြတ်လပ်နေတာ၊ အိုင်အက်စ် အကြမ်းဖက်တွေကို ကူညီဖို့ ငြင်းဆန်သူတွေကို သတ်ဖြတ်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ အရပ်သားတွေ မြို့ကို စွန့်ခွာထွက်ခွာဖို့၊ မထွက်ခွာနိုင်ရင် အိမ်ထဲမှာပဲ နေကြဖို့ အီရတ်စစ်တပ်က တိုက်တွန်းနေပေမယ့် အိုင်အက်စ် အကြမ်းဖက်တွေက အရပ်သားတွေကို ထွက်ခွာခွင့် မပေးဘူးလို့ အီရတ်စစ်တပ်က ပြောပါတယ်။ ဖာလူဂျာမြို့ဟာ အိုင်အက်စ် အကြမ်းဖက်တွေလက်ထဲကို သူတို့ စပြီး အင်အားကြီးလာတဲ့ ၂၀၁၄ နှစ်ဆန်းပိုင်းမှာ ကျရောက်ခဲ့တာပါ။ နိုင်ငံမြောက်ပိုင်းက မိုဆူးလ်မြို့ပြီးရင် ဖာလူဂျာမြို့ဟာ အိုင်အက်စ် အကြမ်းဖက်တွေရဲ့ ဒုတိယအမာခံမြို့လည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up